်
မင်းဘူး သြဂုတ် ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ တိုးမြင့ှ်ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်း ဘဏ္ဍာနှစ်အလိုက်ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေအစီအစဉ် ပြင်ဆင်ရေးဆွဲခြင်းသင်တန်းကို သြဂုတ်လ ၃၀ရက်နေ့ နံနက် (၁၀)နာရီက မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနာတွင် မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဖုန်းလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးရွာသူ/သားများ ကိုယ်တိုင်ဖော်ထုတ်ခဲ့သည့် စီမံချက်လုပ်ငန်းများထဲမှ စီမံချက်များအား မြို့နယ်အဆင့်ဦးစီးဌာန အသီးသီး၏ ဘတ်ဂျက်အစီအစဉ်တွင် ထည့်သွင်းစဉ်းစားနိုင်ရေးအတွက် AVIP အားပြင်ဆင်ခြင်းဖြစ်သည့် ပြင်ဆင်တင်ပြနည်း သင်တန်းပို့ချခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဆယ်မောင်နှင့်ဝန်ထမ်းများက မင်းဘူးမြို့နယ်အတွင်းရှိကျေးရွာ(၁၅၀)မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာဖွံ့ဖြိုးရေးအကောင်အထည်ဖော်ရေးကော်မတီဝင်သင်တန်းသား(၂၀၀)အား သင်တန်းချိန်(၄)ချိန် ခွဲကာ သင်တန်းကာလ(၂)ရက် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဖိုးပြည့်(မင်းဘူး)
0 comments:
Post a Comment