Wednesday, August 2, 2017

ဒေသထွက် ထန်းလက်ကုလားထိုင်များ အရောင်းသွက်




ပွင့်ဖြူ         သြဂုတ်       
          မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်တွင် ဒေသထွက် ထန်းလက် ကုလားထိုင်များအရောင်းသွက်၍ အိမ်တွင်းလက်မှုစီးပွားရေးလုပ်ငန်းအဖြစ် အောင်မြင်လျက်ရှိသည်။
          ထန်းလက်ကုလားထိုင်များပြုလုပ်ရန် နွေရာသီတွင် ထန်းလက်များအား ခုတ်ချိုင်း၍ သိမ်းဆည်း ထားကြပြီး မိုးဦးရာသီတွင် ထန်းလက်ကုလားထိုင်များလုပ်ကိုင်နိုင်သော နေအိမ်များသို့ ထန်းလက်များ အပ်နှံ၍ ကုလားထိုင်များ ပြုလုပ်ကြသည်။ထန်းလက်ကုလားထိုင်များအား ၀ါးကြမ်းခင်းကုလားထိုင်တစ်လုံးကို (၃၅၀၀)ကျပ်၊ ထန်းလက်ကြမ်းခင်း ကုလားထိုင်တစ်လုံးကို (၇၀၀၀)ကျပ်ထိ ရောင်းချရပြီး၊ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လှည့်လည်ရောင်းချခြင်းဖြင့်  မိသားစုအပို ၀င်ငွေရရှိလျက်ရှိကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment