Thursday, August 3, 2017

အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများဆေးထိုးသားဖောက်ခြင်းနည်းပညာသင်တန်းဆင်းပွဲကျင်းပ




ပွင့်ဖြူ         ဇူလိုင်          ၃၁
          ဒေသခံပြည်သူများ ငါးစားသုံးမှုဖူလုံစေရေးနှင့် ငါးသယံဇာတပေါကြွယ်ဝစေရေးအတွက် မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်မှုဖြင့် အခြေခံငါးမွေးမြူရေး နှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာသင်တန်း(၂/၂၀၁၇)ဆင်းပွဲအား ဇူလိုင်လ (၃၁)ရက်နေ့ နံနက် (၉) နာရီက ပွင့်ဖြူမြို့နယ် ၊ရွှေဘိုရွာမကျေးရွာ  အနီး ငါးသားဖောက်စခန်းရှိ ခန်းမတွင်ကျင်းပခဲ့သည်။
          အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးဌာနမှူး ဦးမောင်ချစ်မှ သင်တန်းဆင်းပွဲအမှာစကားပြောကြားပြီး၊ သင်တန်းသား/သူများအား ငါးလုပ်ငန်းဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး နှင့် တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။ထို့နောက် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းသား တစ်ဦးမှ သင်တန်းဖွင့်လှစ်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားကာ သင်တန်းဆင်း ပွဲအခမ်းအနား ကိုရုပ်သိမ်းခဲ့သည်။
          အဆိုပါသင်တန်းသို့ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းသား/သူ (၁၈၁)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင်လ (၂၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေး ခဲ့ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment