Saturday, August 19, 2017

ကျောင်းသား/သူများအား နိုင်ငံသားစီစစ်ရေးကဒ်ပြားများထုတ်ပေး




ပွင့်ဖြူ       သြဂုတ်        ၁၉
          မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့ အ.ထ.ကကျောင်းတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ကျောင်းသား/သူများအား နိုင်ငံသားစီစစ်ရေးကဒ်ပြားများဆောင်ရွက်ပေးနေမှုကို သြဂုတ်လ(၁၈)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့၊အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော် နှင့် မင်းဘူးခရိုင် လ.၀.ကဦးစီးမှူး ဦးထိန်ဝင်တို့မှ လာရောက်ကြည့်ရှုအားပေးခဲ့သည်။
          ထို့နောက် ကုန်းဇောင်းကျေးရွာ၊ အ.ထ.ကကျောင်းတွင်  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန၊၀န်ထမ်းများမှ ဆောင်ရွက်ပြီးစီးသော နိုင်ငံသားအရည်အသွေးပြည့်မီသူ ကျောင်းသား/သူ(၆၁၇)ဦးတို့အား နိုင်ငံသားစီစစ်ရေးကဒ်ပြားများထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment