Thursday, August 17, 2017

အိမ်တွင်းဖြစ် ကြိုးကျစ်လုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိ




ပွင့်ဖြူ        သြဂုတ်        ၁၇
          မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်၊ရှောက်တောကျေးရွာတွင် အိမ်တွင်းဖြစ်ကြိုးကျစ်လုပ်ငန်းများဖြင့် မိသားစု အပိုဝင်ငွေရရှိလျက်ရှိသည်။
          ကြိုးကျစ်လုပ်ရာတွင် နိုင်လွန်ကြိုးနှင့် ပလပ်စတစ်ကြိုးဟူ၍ (၂)မျိုးရှိပြီး၊ ဒေသခံတောင်သူများအသုံးပြုသော နွားချည်ကြိုး ၊ တံပိုးကြိုး၊နှင့် အိမ်ဆောက်လုပ်ရာတွင် အသုံးပြုသည့် ကြမ်းကွပ်ကြိုးများကို အဓိက လုပ်ကိုင်ကြသည်။ နွားချည်ကြိုး(ခေါ်) နွားကန်ကြိုးများကို တစ်စုံ(၂)ချောင်းလျင် (၁၂၀၀)ကျပ်ဖြင့်ရောင်းချရပြီး၊ တံပိုးကြိုး(ပလပ်စတစ်) ကြိုးတစ်ချောင်းလျင် (၆၀၀)ကျပ်၊နိုင်လွန်ကြိုးဖြင့်ပြုလုပ်သော တံပိုးကြိုးတစ်ချောင်းလျင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချရပြီး၊ သီးသန့်မှာယူလုပ်ခိုင်သော ကြိုးများကိုလည်း အရှည်ပေနှင့် အရွယ်အစားအလိုက်သီးသန့်လုပ်ဆောင်ပေးလျက် ရှိကြောင်းနှင့် ကြိုးကျစ်ရာတွင် လက်လှည့်စက်များဖြင့် အိမ်တွင်မိသားစုများမှ ၀ိုင်းဝန်ဆောင်ရွက် လုပ်ကိုင်လျက်ရှိရာ အိမ်တွင်းဖြစ်မိသားစု အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment