Sunday, August 13, 2017

မကွေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ (၁၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အတွေ့အကြုံများရှင်းလင်း

မကွေး     သြဂုတ်     ၁၂
ပြည်ထောင်စုတရားလွှတ်တ်ာချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရား   သူကြီးချုပ်များ၊တိုင်းဒေသကြီးပြည်နယ်တရားရေးဦးစီးမှူးများ၏ (၁၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အတွေ့အကြုံများ ရှင်းလင်းသည့် အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မကွေး တိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်းက အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါ အတွေ့အကြုံများရှင်းလင်းဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီး တရားရေး ဦးစီးမှူးနှင့်တရားရေးအရာရှိများ၊တိုင်းဒေသကြီးအတွင်းရှိ ခရိုင်တရားရုံးများ၊မြို့နယ်တရားရုံးများမှ တရားသူကြီးများ စုစုပေါင်း(၆၇)ဦး တက်ရောက်ပြီး မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရား သူကြီးချုပ်က (၁၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ ပြည်ထောင်စုတရားသူကြီးချုပ် နှင့်ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးများ၏ မှာကြားချက်များကိုလည်းကောင်း၊ တိုင်း ဒေသကြီး တရားလွှတ်တော်တရားသူကြီး ဦးမြင့်သိန်းနှင့်ဒေါ်နုယဉ်တို့က တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးအယ်လ်တိန်းဘောမ်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မှာကြားချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးမှာ ကြားခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment