This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, August 31, 2017

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မကွေးတိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၃၀၀ အိတ်နှင့်ဆီ(၁)လီတာဘူး(၅၀၀)ဘူးလှူဒါန်း

မကွေး     သြဂုတ်    ၃၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မကွေးတိုင်းဒေသကြီး ရေဘေးသင့် ပြည်သူများအတွက် သြဂုတ်လ (၃၀)ရက်နေ့က ဆန်အိတ် ၃၀၀ အိတ်နှင့်ဆီ(၁)လီတာဘူး(၅၀၀)ဘူး လှူဒါန်းခဲ့သည်။
လှူဒါန်းပွဲသို့ မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွတ်တော်ဥက္ကဌဦတာ၊ ဒုဥက္ကဌနှင့်လွှတ်တော်ကိုယ်စားလှယ်များတက် ရောက်ခဲ့ကြပြီး မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ လွှတ်တော်ဒုဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များမှတစ်ဆင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ သည်။ ထိုသို့လှူဒါန်းခဲ့သော ဆန်အိတ်နှင့်ဆီများကို ရေနံချောင်းမြို့နယ်အတွက် ဆန်အိတ် (၅၀) အိတ်နှင့်ဆီဘူး(၁၀၀)၊မင်ဘူးမြို့နယ်အတွက် ဆန်အိတ်(၅၀)အိတ်နှင့်ဆီဘူး (၁၀၀)၊ မကွေးမြို့နယ် အတွက် ဆန်အိတ်(၂၅)အိတ်နှင့်ဆီဘူး (၆၀)၊ပွင့်ဖြူမြို့နယ်အတွက် ဆန်အိတ်(၅၀)အိတ်နှင့်ဆီဘူး (၁၀၀)၊စလင်းမြို့နယ်အတွက် ဆန်အိတ် (၈၅)အိတ် ဆီဘူး(၁၀၀)ဘူးနှင့် စလင်းမြို့နယ်အတွက် ဆန်အိတ်(၄၀)ဆီဘူး(၄၀)ဘူးတို့အား သက်ဆိုင်ရာမြို့နယ်များသို့ လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၃/၂၀၁၇) ပထမနေ့ကျင်းပပြုလုပ်


မကွေး     သြဂုတ်     ၃၀

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၃/၂၀၁၇) ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင် ကျင်းပပြုလုပ်ခဲ့ရာ  မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စား လှယ်များ  တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင်  မကွေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြု ငွေစာရင်း၊ လျာထားချက်၊ ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းလျာထားချက်များကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက လွှတ်တော် သို့တင်သွင်းခဲ့ပြီး ယင်းငွေစာရင်း လျာထားချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို မကွေးတိုင်း ဒေသကြီးလွှတ်တော်ပြည်သူ့ ငွေစာရင်း ကော်မတီ အဖွဲ့ဝင် ဦးစန်းကြူက လွှတ်တော်သို့တင်သွင်းခဲ့သည်။
ထို့နောက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ လျာထားချက်၊ ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းလျာထား ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ် များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ကုန်သွယ်လုပ်ငန်းခွန်တွင်ပါဝင်သည့် ငွေလုံးငွေရင်းအသုံးစရိတ်များအား မကွေးတိုင်းဒေသကြီး၏ မည်သည့်ကဏ္ဍတွင် မည်သည့်လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ဘဏ္ဍာရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏လေ့လာတွေ့ရှိချက် အစီရင်ခံစာကို မကွေးတိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဌ ဦးတင့်လွင်က လွှတ်တော်သို့ တင်သွင်းခဲ့သည်။၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကုန်သွယ်လုပ်ငန်းခွန် တွင်ပါဝင် သည့် ငွေလုံးငွေရင်းအသုံးစရိတ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး ပထမနေ့ကို ၁၀း၅၀ နာရီ အချိန်တွင် ရပ်နားကြောင်းနှင့်  ဒုတိယနေ့ အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့နံနက်၁၀း၀၀နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေအစီအစဉ် ပြင်ဆင်ရေးဆွဲခြင်းသင်တန်းဖွင့်လှစ်


မင်းဘူး          သြဂုတ်            ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ တိုးမြင့ှ်ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်း ဘဏ္ဍာနှစ်အလိုက်ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေအစီအစဉ် ပြင်ဆင်ရေးဆွဲခြင်းသင်တန်းကို သြဂုတ်လ ၃၀ရက်နေ့ နံနက် (၁၀)နာရီက မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနာတွင် မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဖုန်းလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးရွာသူ/သားများ ကိုယ်တိုင်ဖော်ထုတ်ခဲ့သည့် စီမံချက်လုပ်ငန်းများထဲမှ  စီမံချက်များအား မြို့နယ်အဆင့်ဦးစီးဌာန အသီးသီး၏ ဘတ်ဂျက်အစီအစဉ်တွင် ထည့်သွင်းစဉ်းစားနိုင်ရေးအတွက် AVIP အားပြင်ဆင်ခြင်းဖြစ်သည့် ပြင်ဆင်တင်ပြနည်း သင်တန်းပို့ချခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဆယ်မောင်နှင့်ဝန်ထမ်းများက မင်းဘူးမြို့နယ်အတွင်းရှိကျေးရွာ(၁၅၀)မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာဖွံ့ဖြိုးရေးအကောင်အထည်ဖော်ရေးကော်မတီဝင်သင်တန်းသား(၂၀၀)အား သင်တန်းချိန်(၄)ချိန် ခွဲကာ သင်တန်းကာလ(၂)ရက် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဖိုးပြည့်(မင်းဘူး)

Monday, August 28, 2017

ပိုးထိ(​မြွေကိုက်​)လူနာအား လမ်းပန်းဆက်​သွယ်​​ရေး မလွယ်​ကူ​သော​ကြောင့်​ခက်​ခက်​ခဲခဲ အသက်​လု ပို့​ဆောင်​ကူညီ​နေရ


ပိုးထိ(​မြွေကိုက်​)လူနာအား လမ်းပန်းဆက်​သွယ်​​ရေး
မလွယ်​ကူ​သော​ကြောင့်​ခက်​ခက်​ခဲခဲ အသက်​လု 
ပို့​ဆောင်​ကူညီ​နေရ
*************************************
သရက်​    သြဂုတ်​    ၂၈
သရက်​ခရိုင်​ သရက်​မြို့နယ်​ ဆင်​​ကော်​​ကျေးရွာအုပ်​စု
အောက်​မမြင့်​​ကျေးရွာမှပိုးထိ(​မြွေကိုက်​)လူနာတစ်​ဦး
အား ​ဆတ်​လည်​​ကျေးရွာမှ လူမူကူညီ​နေသူတစ်​ဦး၏
အကူအညီ​တောင်းခံမူဖြင့်​ ​ရေနံ့သာတိုက်​နယ်​​ဆေးရုံ
အ​ခြေစိုက်​ လူမူကူညီ​ရေးအသင်း-​မြောက်​​ချောင်းက
ရေနံ့သာတိုက်​နယ်​​ဆေးရုံမှတဆင့်​ ပြည်​မြို့ကုသ​ရေး
ဆေးရုံသို့ လမ်းပန်းဆက်​သွယ်​​ရေးခက်​ခဲ​သော​ကြောင့်
အဆင့်​ဆင့်​သယ်​ယူပို့​ဆောင်​ခဲ့ရသည်
သရက်​မြို့နယ်​ ​တောင်​ခြမ်း ကံမမြို့နယ်​နှင့်​ထိစပ်​​နေ​သော ဆင်​​ကော်​နယ်​​မြေသည်​လမ်းပန်းဆက်​သွယ်​​ရေး
အလွန်​ခက်​ခဲ့​သောနယ်​​မြေဖြစ်​သည်​ သရက်​-မင်းတုန်း
လမ်းနှင့်​ ၁၂/၆ မိုင်​ ကံမမြို့နယ်​ ​ရေနံ့သာ-ကျီးမီးလမ်း
နှင့်​ ၈ မိုင်​ခန့်​ကွာ​ဝေး​ကြောင်း ​မိုးရာသီတွင်​ ဒူး ​ပေါင်​လယ်​ခန့်​အထိ ရွံ့နွံများ ရုန်းကန်​သွားလာရ​ကြောင်း
ဒေသခံတစ်​ဦးက​ပြောသည်
ဆတ်​လည်​​ကျေးရွာမှ ဦးလှစိုးသည်​ သြဂုတ်​ ၂၆ ည ၉
နာရီအချိန်​ခန့်​ ​တောထဲတွင်​ ပိုးထိ(​မြွေကိုက်​)ခဲ့​ရာ
ဆင်​​ကော်ကျ န်းမာ​ရေးဌာနတွင်​ ​မြွေဆိပ်​​ဖြေ​ဆေး(၅)လုံး
ထိုးပြီး ၈ မိုင်​ခန့်​​ဝေး​သော ကံမမြို့နယ်​ကျီးမီး​ကျေးရွာသို့
စောင်​ပုခက်​အထမ်း မင်းတုန်း​ချောင်​ကိုစက်​​လှေဖြင့်​ကူး
ပြီး ​ရေနံ့သာ​ခြေစို​က်​ လူမူကူညီ​ရေးအသင်း-​မြောက်
ခြောင်းလူနာတင်​ယာဉ်​ဖြင့်​ ၈ မိုင်​ခန့်​​ဝေး​သော ​ရေနံ့သာ
တိုက်​နယ်​သို့ပို့​ဆောင်​၍်​​ဆေးရုံတွင်​ ​မြွေဆိပ်​​ဖြေ​ဆေး​(၅)လုံး ​မေးခိုင်​ကာကွယ်​​ဆေး(၁)လုံးတို့ကို တိုက်​နယ်​ဆရာဝန်​ကြီးက ​စေတနာဖြင့်​ကုသ​ပေးပြီး သြဂုတ်​ ၂၇
 နံနက်​ ၂ နာရီအချိန်​ခန့်​ ပြည်​မြို့ ကုသ​ရေး​ဆေးရုံသို့
ဆက်​လက်​လွဲ​ပြောင်းကုသခဲ့ရာ ရရှိဒဏ်​ရာမှာ သက်​သာနေ​ကြောင်း လူမူကူညီ​ရေးလုပ်​​ဆောင်​​​ပေး​နေသူ
ူကိုကိုဦး(ဆတ်​လယ်​)က​ပြောသည်
သရက်​မြို့နယ်​ ပျ ဉ်းအိုင်​ ကဇွန်း​မြောင်​ ဆတ်​လည်​ 
အောက်မနိမ့်​ ​အောက်​မမြင့်​ ဆင်​​ကော်​ မြို့လှ​ကျေးရွာ
များသည်​ မင်းတုန်းမြို့နယ်​ ပဇင်းဒါး ​တောင်​ပတ်
ကျေးရွာတို့ကိုဖြတ်​၍ သရက်​-မင်းတုန်းကားလမ်းသို့
၁၂/၆မိုင်​ ​ဝေးကွာပြီး ​နွေ ​ဆောင်းရာသီများတွင်
မော်​​မော်​ယာဉ်​ ​မော်​​တော်​ဆိုင်​ကယ်​များ​သွားလာ၍
ရ​သော်​လည်း မိုးရာသီတွင်​ လမ်းပန်းဆက်​သွယ်​​​ရေး
အလွန်​ဆိုးရွားခက်​ခဲသည်
အဆိုပါ​ဒေသတွင်​ ​ကျေးရွာ ၁၀ ရွာ အိမ်​​ခြေ ၁၂၂၅ အိမ်
လူဦး​ရေ ၃၃၃၇ ဦးတို့အတွက်​ ကျ န်းမာ​ရေ လူမူ​ရေး ပညာ​ရေး စီးပွား​ရေးတို့တိုးတက်​လာပြီး လူမူစီးပွားဘဝ
များဖွံ့ဖြိုးလာ​စေရန်​ ရာသီမ​ရွေးသွားလာနိုင်​သည့်​ ​မြေနီ
ကျောက်​​ချောလမ်းခင်း​ပေးနိုင်​​ရေးအတွက်​ မ​ကွေးတိုင်း
ဒေသကြီးမဲဆန္ဒနယ်အမှတ်​(၇)မှ အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ​ဒေါ်သန်းသန်း​အေးက ၂၃/၈/၂၀၁၇ ရက်​​နေ့ အမျိုးသားလွှတ်​​တော်​တွင်​ တင်​ပြထား​ကြောင်းသိရသည်
အောင်​ကြီး(သရက်​)

မြေလတ်ဂျာနယ် အတွဲ(၃)၊ အမှတ်(၁၂)၊ ၂၀၁၇ ၊ စက်တင်ဘာလ(၁-၁၅)ရက်ထွက် ဂျာနယ်ကို သြဂုတ်(၂၉)ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။



မြေလတ်ဂျာနယ် အတွဲ(၃)၊ အမှတ်(၁၂)၊ ၂၀၁၇ ၊ စက်တင်ဘာလ(၁-၁၅)ရက်ထွက် ဂျာနယ်ကို သြဂုတ်(၂၉)ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။


မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ် နှင့် ရန်ကုန်၊ မန္တလေးမြို့၊နေပြည်တော် နှင့် အခြားနယ်ပို့များသို့ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀)ဖုန်းသို့ အကြောင်းကြားပေးစေလိုပါသည်။

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်။

Sunday, August 27, 2017

မင်းဘူးမြို့နယ် ရေဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့

မင်းဘူး    သြဂုတ်     ၂၇

  မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်၊တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တို့သည် လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါကာ မင်းဘူးမြို့နယ်၊ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာ(၇)ရွာ တို့မှ ရေဘေးရှောင်ပြည်သူ(၄၉၇၇)ဦးတို့အတွက် ဆန်(၃)ရက်စာဖိုး(၄၄၇၉၃၀၀ိ/)ကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့ မှန်ကင်းကျောင်းမြတ်သုခဓမ္မာရုံတွင်  ကူညီ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် ရေကြီးနစ်မြုပ်နေသော ကျေးရွာများဖြစ်သည့် မင်းဘူး မြို့နယ် ထုံးမကျည်းကျေးရွာနှင့် နိဗ္ဗန်ကျွန်း ကျေးရွာများသို့  စက်လှေများဖြင့် သွားရောက်ကာရေဝင် နစ်မြှုပ်နေမှုအား ကြည်ရှုပြီး  ကျေးရွာများမှ ရေလွတ်ရာသို့ ယာယီပြောင်းရွေ့နေရာချ ထားသော ပြည်သူများနှင့် ရေကြီးနစ်မြုပ်၍ နေအိမ်များတွင် အိမ်စောင့်ကျန်ရှိနေသော ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံ၍ ကူညီထောက်ပံ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် စီမံဆောင်ရွက် ပေးခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေ ဒုတိယအကြိမ်မြင့်တက် လာမှုကြောင့် မင်းဘူးမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များမှပြည်သူအချို့နှင့် ဧရာဝတီမြစ်ကမ်းပါရှိ ကျေးရွာများ ရေလွတ်ရာသို့ ယာယီပြောင်းရွေ့နေရာချထားလျက်ရှိပြီး ဧရာဝတီမြစ်ရေ အခြေအနေ မှာ  ၁၆၇၈စင်တီမီတာ သို့ရောက်ရှိကာ မင်းဘူးမြို့ စိုးရိမ်ရေအမှတ်မှာ (၁၇၀၀)စင်တီမီတာ ဖြစ်ကြောင်းနှင့်သက်ဆိုင်ရာ တာဝန်ရှိတို့က ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကူညီပံ့ပိုးမှုတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)

အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းနိုင်မည့် မျိုးဆက်သစ် လျှပ်စစ်လုပ်သားများ လေ့ကျင့်မွေးထုတ်


မကွေး     သြဂုတ်      ၂၅
စက်မှုဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် စက်မှုကြီး ကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျးသင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့နယ် ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးတွင် ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးနေမျိုးကျော်က သင်တန်းဆင်း အမှာစကားပြောကြားပြီး စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုး မိုးကျော်က ဒေသအသီးသီးမှာရှိသော ဒေသခံပြည်သူများအနေဖြင့် လျှပ်စစ်ဆိုင်ရာ အသိပညာ၊ ဗဟုသုတများကို မိမိတို့ဒေသများတွင် လေ့လာဆည်းပူးနိုင်ရန် ဒေသများအရောက်  လာရောက် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊သင်တန်းဆင်းလက်မှတ် ရရှိပြီးပါက သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံး များတွင် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ လက်တွေ့ဝင်ရောက်လုပ်ကိုင်ပြီး  လျှပ်စစ်ကျွမ်းကျင်သူများ နှင့် ပူးတွဲလေ့ကျင့်သင်ကြားပြီး လုပ်ငန်းအတွေ့အကြုံ(၄)လ)လ ရှိပါက သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ရုံးများမှတဆင့် လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်(ဒုတိယအဆင့်)ကို လျှောက်ထား နိုင်မှာဖြစ်ကြောင်း၊ လျှပ်စစ်ပညာရပ်များကို မိမိအတွက်သာမက မိမိကျေးရွာ၊မြို့နယ်၊ခရိုင်၊ ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့်မီးသုံးစွဲသူ ဒေသခံပြည်သူများ ကြုံတွေ့နိုင်သော မီးလောင်မှု၊ ဓာတ်လိုက်မှု လျှပ်စစ်အန္တရာယ် များ အတတ်နိုင်ဆုံး လျော့နည်းပပျောက်လာစေရေးတို့အတွက် ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း စသည်ဖြင့် အဆိုပါအခမ်းအနားတွင် ထည့်သွင်းပြော ကြားသည်။
အဆိုပါသင်တန်းမှ အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းနိုင်မည့် မျိုးဆက်သစ် လျှပ်စစ်လုပ်သားများ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး ထူးချွန်သင်တန်းသားများနှင့် လက်တွေ့ အဖွဲ့လိုက် ဆုရရှိသော အဖွဲ့အား ဆုချီးမြှင့်ပေးအပ်ကာ သင်တန်းသို့တက်ရောက်ခဲ့သည့် သင်တန်း သား(၄၉)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

စိတ်ကြွ မူးယစ် ဆေးဝါး များ ရောင်းချရန် လက်ဝယ်ထားရှိ သယ်ဆောင်သူအရေးယူ


မြို့သစ် သြဂုတ် ( ၂၅ )
-----------------------------
မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်
ရွှေပန်းကျေးရွာအုပ်စုအနီးစိတ်ကြွမူးယစ်ဆေး
ဝါးများရောင်းချရန်သယ်ယူနေကြောင်းသတင်းအရ၂၀၁၇/သြဂုတ်လ(၂၅)ရက်(၀၅း၃၀)နာရီ
အချိန်ကမြို့သစ်မြို့နယ်ဒန့်ဒလွန်ပင်နယ်မြေစခန်းမှူးဒုရဲအုပ်စည်သူအောင်နှင့်တပ်ဖွဲ့ဝင်များသက်သေပိတောက်မြိုင်တဲတိုက်ဆယ်အိမ်မှူးဦးအောင်ကျော်ဌေးတို့နှင့်အတူသွားရောက်သတင်းစုံစမ်းမှုများဆောင်ရွက်ခဲ့ရာသြဂုတ်လ(၂၅)ရက် (၀၈း၃၀)နာရီအချိန် ရွှေပန်းကျေးရွာအုပ်စု
ပိတောက်မြိုင်တဲတိုက်အနီးအရောက်ပိတောက်မြိုင်တဲတိုက်ဘက်မှရွှေပန်းကျေးရွာဘက်သို့မောင်းနှင်လာသည့် URBANSTORT-125 အနီရောင်ဆိုင်ကယ်အားမသင်္ကာ၍ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာဆိုင်ကယ်မောင်းနှင်သူမှာ
ရန်နိုင်အောင်(အသက်/၂၁)နှစ်/လေသာဆောင်ကျေးရွာ/ရမည်းသင်းမြို့နယ်
နေသူနှင့်ကိုဝင်း(အသက်/၂၇)နှစ်ချောင်းဆုံကျေးရွာတက်ကုန်းမြို့နယ်နေသူတို့အားတွေ့ရပြီး၎င်းတို့(၂)ဦးအားစစ်ဆေးခဲ့ရာရန်နိုင်အောင်၏ပုဆိုးခါးပုံစာအတွင်းမှပလပ်စတစ်အိတ်ဖြင့်ထည့်ထားသည့် 88 စာတန်းပါစိတ်ကြွဆေးပြား( ၅၄၆ )ပြား ၊ စုစုပေါင်းကာလတန်ဖိုး (၁၆၃၈၀၀၀ိ/)ကျပ်တို့အားတွေ့ရှိသဖြင့်ရှာဖွေ
ပုံစံဖြင့်သက်သေများရှေ့တွင်သိမ်းဆည်းခဲ့သည် ။
ဖြစ်စဉ်နှင့်ပတ်သက်၍တရားမဝင်စိတ်ကြွ
မူးယစ်ဆေးဝါးများရောင်ချရန်အတွက်လက်ဝယ်ထားရှိသယ်ဆောင်လာသူ ရန်နိုင်အောင် နှင့် ကိုဝင်းတို့အပေါ်ဥပဒေအရအရေးယူပေးပါရန်ရဲအုပ်စည်သူအောင်မှတရားလိုပြုတိုင်တန်းသဖြင့်
မြို့သစ်မြို့နယ်ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းမှစစ်
ဆေးဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည် ။။။။။
သန်းဝင်းထွန်း( မြို့သစ် ) ပြန်/ဆက်

Monday, August 21, 2017

အသက်​​မွေးဝမ်း​ကျောင်းအ​ထော က်​အကူပြု ဖုန်းပြင် သင်​တန်းဖွင့်​ပွဲ ညောင်ကုန်းတွင်ကျင်းပ


မြို့သစ် သြဂုတ်( ၂၁ )
------------------------------------------------
မ​ကွေးတိုင်း​ဒေသကြီး ၊ မြို့သစ်​မြို့နယ်​ ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနမှ အသက်​​မွေးဝမ်း​ကျောင်းအ​ထောက်​အကူပြု ဖုန်းပြင်​​သင်​တန်းကို ဩဂုတ်​လ (၂၁)ရက်​​နေ့နံနက်(၉း၃၀)နာရီက ​ညောင်ကိုင်း​​​ကျေးရွာအုပ်​စု ၊ေ​ညာင်​ကုန်း​ကျေးရွာတွင်​ ဖွင့်​လှစ်ခဲ့သည်။
အခမ်းအနားတွင်တိုင်းသေကြီလွှတ်တော်
ကိုယ်စားလှယ်ဦးသန်းဆွေ/မကွေးခရိုင်ကျေး
လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူးဦးကျော်ဇောဟိန်းတို့မှသင်တန်းဖွင့်လှစ်ရခြင်းနှင့်မြို့နယ်အုပ်ချုပ်ရေးမှူးဦးဟိန်းသူဝင်းမှသင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ဖုန်ပြင်သင်တန်းနည်ပြဆရာ
ဦးသော်ဇင်မှသင်တန်းတွင်ပို့ချမည့်ဘာသာရပ်
များနှင့်သင်ကြားပြသသည့်သင်ခန်းစာများကို
ဂရုစိုက် မှတ်သား သင်ယူ ကြရန်မှာကြားခဲ့
သည်။
အသက်မွေးဝမ်းကျောင်းအထောက်အကူ
ပြုဖုန်းပြင်သင်တန်းသို့ မကွေးခရိုင်ကျေးလက်
ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနမှ ခရိုင်​ဦးစီးမှူး ဦး​ကျော်​​ဇောဟိန်း (ဒုတိယညွှန်းကြား​ရေးမှူး)
နှင့်​ဝန်​ထမ်းများ ၊ တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးသန်း​ဆွေ ၊ မြို့သစ်​မြို့နယ်​ အ​ထွေ​ထွေအုပ်​ချူပ်​​ရေးဦးစီးဌာနမှ မြို့နယ်​အုပ်​ချူပ်ရေးမှူး၊မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်​​ရေး ဦးစီးဌာနမှ မြို့နယ်​ဦးစီးမှူး ဦးသန်းဝင်းနှင့်​ ဝန်​ထမ်းများ ၊ ရပ်​မိရပ်​ဖများ ၊ သင်​တန်းသား/သင်​တန်းသူ များ စုစု​ပေါင်း(၄၀)ဦးခန့်m
တက်ရောက်ခဲ့ကြောင်သိရသတင်းရရှိသည်။
------------------------------------------------
သန်းဝင်းထွန်း

Sunday, August 20, 2017

ကျောင်းသား/သူများအား နိုင်ငံသားစီစစ်ရေးကဒ်ပြားများထုတ်ပေး




ပွင့်ဖြူ       သြဂုတ်        ၁၉
          မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့ အ.ထ.ကကျောင်းတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ကျောင်းသား/သူများအား နိုင်ငံသားစီစစ်ရေးကဒ်ပြားများဆောင်ရွက်ပေးနေမှုကို သြဂုတ်လ(၁၈)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့၊အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော် နှင့် မင်းဘူးခရိုင် လ.၀.ကဦးစီးမှူး ဦးထိန်ဝင်တို့မှ လာရောက်ကြည့်ရှုအားပေးခဲ့သည်။
          ထို့နောက် ကုန်းဇောင်းကျေးရွာ၊ အ.ထ.ကကျောင်းတွင်  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန၊၀န်ထမ်းများမှ ဆောင်ရွက်ပြီးစီးသော နိုင်ငံသားအရည်အသွေးပြည့်မီသူ ကျောင်းသား/သူ(၆၁၇)ဦးတို့အား နိုင်ငံသားစီစစ်ရေးကဒ်ပြားများထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)