Sunday, July 2, 2017

Hydraulic Excavator Kobelco SK 75 SR-3 အား ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင် ထိန်းသိမ်းပြုပြင်မှု သင်တန်းဆင်းပွဲကျင်းပ 


မကွေး      ဇွန်      ၃၀
မကွေးမြို့ စက်မှုတိုင်း(၃)ဆည်မြောင်းရုံး  အစည်းအ၀းခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာ ကိုင်ဒို ကုမ္ပဏီမှ Hydraulic Excavator KobelcoSK 75 SR-3 အား ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင် ထိန်းသိမ်းပြုပြင်မှု သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၄ နာရီက ကျင်းပပြုလုပ်သည်။ 
သင်တန်းကို ဇွန်လ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပခဲ့ပြီး ဆည်မြောင်းမှ ၁၀ ဦး၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၁၀ ဦး၊စည်ပင်မှ ၅ ဦးနှင့် ဆောက်လုပ်ရေးမှ ၃ ဦး စုစုပေါင်း Operator ၂၈ ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းတွင် စက်မောင်းနှင်မှု ထိန်းသိမ်းမှုနှင့် simulator  ဖြင့် လက်တွေ့ မောင်းနှင်မှု၊ kobelco hydraulic excavator SK 75 SR-3 ဖြင့် လက်တွေ့သင်ကြားပြသကာ ကျွမ်းကျင်စွာမောင်း
နှင်နိုင်မှု ပြိုင်ပွဲကျင်းပပေးပြီး အကောင်းဆုံး  Operator ၃ ဦးကို ရွေးချယ်၍ ဆုများချီူမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသို့တက်ရောက်ခဲ့သည့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment