ပွင့်ဖြူ ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ
ဦးဆောင်မှုဖြင့် H1N1 FLU ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို ဇူလိုင်လ(၂၈)ရက်နေ့ နေ့လယ်(၁)နာရီ အချိန်က အရှေ့ပိုင်းရပ်ကွက် ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူများ၊လူမှုရေးအသင်းအဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး
မြို့နယ်ကျန်းမာရေးဦးစီးဌာန ၀န်ထမ်းများမှ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကာ
H1N1 FLU ရောဂါ လက္ခဏာများ၊ ကာကွယ်ရန်နည်းလမ်းများနှင့် အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်နိုင်သဖြင့်
အများပြည်သူများ အကြား သွားလာနေထိုင်လုပ်ကိုင်သည့်အခါ နှာခေါင်းစည်း MASK ကို လုံခြုံစွာတပ်ဆင်ထားနိုင်ရေးတို့ကို
အကျယ်တ၀င့် ဟောပြောခဲ့ပြီး တက်ရောက်လာသူများအား နှာခေါင်းစည်း MASK များ အခမဲ့ဝေငှပေးခဲ့သည်။
မြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများမှ
လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ဇူလိုင်လ (၂၈)ရက် နေ့တွင် အရှေ့ပိုင်းရပ်ကွက်နှင့်
အနောက်ပိုင်း ရပ်ကွက်၊(၂၉)ရက်နေ့တွင် အလယ်ပိုင်းရပ်ကွက်များရှိ ဓမ္မာရုံများတွင် ရပ်ကွက်နေပြည်သူများအား
စုဝေး၍ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ညပိုင်းတွင် ရပ်ကွက်များအတွင်း
လှည့်လည်၍ အသံချဲ့စက်များဖြင့် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း
များ နှိုးဆော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment