Thursday, July 13, 2017

စာဖတ်ခြင်းအလေ့အထကောင်းများရရှိရေး နယ်လှည့် စာဖတ်ဝိုင်းနှင့်ဟောပြောပွဲကျင်းပ




ပွင့်ဖြူ         ဇူလိုင်        ၁၂
          ပွင့်ဖြူမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပညာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျောင်းနေအရွယ် ကလေးငယ်များအား စာဖတ်ခြင်းအလေ့အထကောင်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်လှည့် စာဖတ်ဝိုင်များ နှင့် ဟောပြောပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ဆောင်ရွက်ပေးနေလျက်ရှိရာ ဇူလိုင်လ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် ကုလားကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ဝိုင်၊နံရံကပ်စာစောင်ပြပွဲ နှင့် ဟောပြောပွဲကို ကျင်းပခဲ့သည်။
          အဆိုပါ နယ်လှည့်လှုပ်ရှားဆောင်ရွက်မှုတွင် ကုလားကုန်းကျေးရွာအ.မ.ကကျောင်းမှ ကျောင်းသား/သူများ အား ကလေးစာဖတ်ဝိုင်ပြုလုပ်ပေးခြင်း၊ အာဇာနည်းနေ့အကြောင်း သိကောင်းစရာများ နံရံကပ်စာစောင်များပြသပေးခြင်းနှင့်  မြို့နယ်ဦးစီးမှူး ဒေါ်မေသန္တာအောင်မှ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မြန်မာ့လွတ်လပ်ရေးကို အသက်ပေး ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း သိကောင်းစရာများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာဟောပြောခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment