အစိုးသစ်လက်ထက်တွင် မကွေးမြို့ရှိ ပင်မလမ်းများဖြစ်သော ဗိုလ်ချုပ်လမ်း၊ပြည်တော်သာလမ်း၊
အထက(၁)လမ်း၊ တောင်တွင်းလမ်း၊ မဲထီးလမ်း နှင့် ဆေးရုံလမ်းတို့အား လမ်းချဲ့ထွင်ခင်းခြင်းလုပ်ဆော င်ခဲ့သဖြင့် ယခင်လမ်းဘေး လျှပ်စစ် မီးတိုင်များ မှာ ယခုအခါ လမ်းဧရိယာအတွင်း
ရောက်ရှိနေခဲ့၍ ယာဉ်အန္တရာယ်မဖြစ်ပွားစေရန်အတွက်
လမ်းဧရိယာ နှင့်လွတ်ကင်းရာသို့ တိုင်အသစ်များစိုက်ထူပြီး ဓါတ်အားလိုင်းများပြောင်းရွှေ့ တည်ဆောက်သွားမည်ဖြစ်သည်။
အဆိုပါလုပ်ငန်းအတွက် ဘတ်ဂျက်လျာထားငွေကျပ်သန်းပေါင်း (၁၅၁.၉၃)သန်း
ကုန်ကျမည်ဟု ခန့်မှန်းတွက်ချက်ထားပြီး လက်ရှိ တင်ဒါများခေါ်ယူထားရှိကာ
သြဂုတ်လအတွင်း လုပ်ငန်းစတင်ဆောင်သွားမည်ဟု တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး မှ
ညွှန်ကြားရေးမှူး ဦးအောင်သန်း ကပြောသည်။
ပြောင်းရွှေ့စိုက်ထူမည့် လျှပ်စစ်မီးတိုင်များတွင် တောင်တွင်းလမ်းမှ (၉၇)တိုင်၊ အထက(၁)လမ်း မှ (၁၅၄)တိုင်၊
ပြည်တော် သာလမ်းမှ (၁၂၁)တိုင်၊မဲထီးလမ်းမှ( ၃၆)တိုင်၊ဗိုလ်ချုပ်လမ်းမှ(၆၀ )တိုင်၊ ဆေးရုံလမ်းမှ(၅၂
)တိုင် တို့ပါဝင်ကြောင်းသိရသည်။
“ဓါတ်အားလိုင်းများပြောင်ရွှေ့ တည်ဆောက်ချိန်တွင်
အပိုင်းလိုက်ဓါတ်အားဖြတ်တောက်၍ ဆောင်ရွက်ရမည်ဖြစ်၍ အချိန်ပိုင်း ဓါတ်အားပြတ်မှုများရှိနိုင်သည့် အတွက်
မကွေးမြို့ပေါ်ရှိ ပြည်သူများအနေဖြင့် သိရှိနားလည်ပေးနိုင်ရန် လျှပ်စစ်မီးပျက်ချိန်များကို
ရပ်ကွက်နယ်မြေအတွင်း အသံချဲ့စက်ဖြင့်အသိပေးကြေငြာဆော င်ရွက်သွားမည်ဖြစ်ကြောင်း” ညွန်ကြားရေးမှူးက ဆက်လက် ပြောပြသည်။ နေဇော်
0 comments:
Post a Comment