Thursday, July 13, 2017

မင်းဘူး(စကု)မြို့နယ် ပန်းတောင်းကျေးရွာ"ပညာအလင်းရောင်" စာကြည့်တိုက်ဖွင့်လှစ်




မင်းဘူး          ဇူလိုင်          ၁၂
          မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ပန်းတောင်းကျေးရွာတွင် "ပညာအလင်းရောင်" စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
          အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်၊ မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ Save the Childrenမှ Senior Director ဦးမောင်မောင်လွင်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရှိန်၊ စာကြည့်တိုက်အလှူရှင် ဦးသိန်းဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး  မကွေးတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်နှင့် မင်းဘူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းတို့က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မင်းဘူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်မှ စာကြည့်တိုက်များရေရှည်တည်တံ့ခိုင်မာစေရန် ဆောင်ရွက်ရမည့်နည်းလမ်းများကို ပြောကြားကာ  Save the Childrenမှ တိုင်းဒေသကြီးတာဝန်ခံဦးနေမျိုးထွန်းက  ကလေးသူငယ်များ စာဖတ်သည့်အလေ့အထ ကောင်းများရရှိစေရန်ရည်ရွယ်၍ စာကြည့်တိုက်များအတွက် ကူညီးထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ ဆက်လက်ပြီး မန္တလေးစာကြည့်တိုက်များတည်ထောင်သူ ဦးဇော်ဇော်က "တွေးကြ၊ ခေါ်ကြ၊ ပြောင်းလဲကြ စာဖတ်ကြပါမကွေးဌာနေ" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
           ပညာအလင်းရောင်စာကြည့်တိုက်အလှူရှင် ဦးသိန်းဝင်းက " ယခုလှူဒါန်းမှုသည် လိုရာကိုယူလို့ရတဲ့ ရတနာဘဏ်ကြီးဖြစ်ကြောင်း၊ ပညာအလင်းရောင်ကို မီးထွန်းပေးလိုက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရန်မှာ စာဖတ်မှသာ အမြင်ကျယ်ပြီး လူနေမှုဘဝမြင့်မားကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရွယ်သုံးပါလုံးစာဖတ်ကြရန် တိုက်တွန်းနှိုးဆော်ပါကြောင်း၊ စာကြည့်တိုက်ရှင်သန်နိုင်ရေးအတွက် ကျေးရွာ ပြည်သူများမှကူညီဆောင်ရွက်ပေးကြပါရန်"ဟု စာကြည့်တိုက်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ပြောသည်။
အဆိုပါစာကြည့်တိုက်ကို Save the Children အဖွဲ့မှ ပရိဘောဂနှင့်စာအုပ်စာစောင်ထောက်ပံ့ငွေ (၆)သိန်း၊ စာကြည့်တိုက်အလှူရှင် ဦးသိန်းဝင်းက(၃၅)သိန်းခန့်ဖြင့် အလျား (၂၄)ပေ၊ အနံ(၁၈)ပေရှိ သွပ်မိုး အုတ်ကာတစ်ထပ်အဆောက်အဦးကို တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖိုးပြည့်

0 comments:

Post a Comment