Friday, July 28, 2017

မြို့သစ်တွင်လူကုန်ကူးမှုတိုက် ဖျက်ရေးအသိ ပညာပေးဟောပြော


မြို့သစ် ဇူလိုင်( ၂၈ )
မကွေးတိုင်းဒေသကြီးမြို့သစ်မြို
နယ်တွင်လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲကို၂၀၁၇၊ခုနှစ်ဇူလိုင်လ(၂၈)ရက်နေ့နံနက်(၉း၀၀)နာရီကအထက(၁)ရတနာခန်းမတွင်ကျင်းပသည်။
အခန်းအနားတွင်မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဟိန်းသူဝင်းမှအမှာစကားပြောကြားပြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဇော်မိုးလွင်မှလူကုန်ကူးမှုမခံရစေရေးအသိပညာများကို၎င်းမြို့နယ်ဥပဒေအရာရှိဦးညီညီစိုးမှလူကုန်ကူးမှုနှင့်ပက်သက်သည့်
ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို၎င်း ရှင်းလင်း ပြောကြားခဲ့သည် ။
ဟောပြောပွဲအပြီးတွင်မြို့သစ်မြို့နယ်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင်အိဇွန် နှင့်ဝန်ထမ်းများ က အထက(၁)တွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ လေးများ အသိပညာဗဟုသုတ တိုးပွါးစေရန်ရည်ရွယ်၍
( စာပေရေချမ်းစင် ) စာအုပ်အဟောင်းလေးများ အားဖြန့်ဝေပေးခဲ့သည်။
လူကုန်ကူးမှုတိုက်ဖျက်ရေးအသိ
ပညာပေးဟောပြောပွဲသို့ဌာနဆိုင်ရာအကြီး
အကဲများနှင့်ဝန်ထမ်းများ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း
အင်အား(၇၁၅)ဦးခန့်တက်ရောက်ကြောင်းသတင်းရရှိသည်။
သန်းဝင်းထွန်း { မြို့သစ် }

0 comments:

Post a Comment