Thursday, July 13, 2017

နှစ်(၇၀)ပြည့်အာဇာနည်နေ့  အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့်ဟောပြောပွဲများဆောင်ရွက်




ငဖဲ      ဇူလိုင်    ၁၃
ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းပြင်ပ အသိပညာ ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍နှစ်(၇၀)ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့်ဟောပြောပွဲများကို ယနေ့နံနက်ပိုင်းက ငဖဲမြို့နယ် မာန်အောင်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် နေ့လည်ပိုင်းတွင် ကံပေါက်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတို့တွင်ကျင်းပဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်/ဆက်ဦးစီးမှူးဒေါ်ယုယုသိန်းက အာဇာနည်အဓိပ္ပါယ်၊ အာဇာနည် (၆)မျိုး၊အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ဟောပြော ဆွေးနွေးခဲ့ပြီး ကလေး ကြိုက်ရုပ်ပြ၊ပုံပြင်၊တေဇ၊ကလေးသုတစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်းများ ဆောင်ရွက်ပေးသည်။
စာဖတ်ဝိုင်းအပြီးတွင် မြို့နယ်ရုံးမှပြသထားသော အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဗိုလ်ချူပ်အောင်ဆန်း၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှတ်တမ်းများ၊မူးယစ်ဆေးဝါး မှတ်တမ်းဓါတ်ပုံ များ၊နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်မှူ မှတ်တမ်းဓါတ်ပုံများကို ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment