Sunday, July 2, 2017

နွေစပါးစိုက်စနစ်(၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် အောင်မြင်ဖြစ်ထွန်းမှု ကွင်းသရုပ်ပြပွဲကျင်းပွ


ငဖဲ     ဇူလိုင်     ၂
မငိးဘူးခရိုင် ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် နွေစပါးစိုက်စနစ် (၄) မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် အောင်မြင်ဖြစ်ထွန်းမှု ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ငဖဲမြို့မရပ်ကွက် မန်းပြင်ဘုန်းတော်ကြီးကျောင်းရှေ့ တောင်သူဦးသောင်းမြင့်၏ လယ်ကွင်းရှေ့၌ ကျင်းပပြုလုပ်သည်။
ကွင်းသရုပ်ပြပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက တောင်သူများအနေဖြင့် နည်းစနစ်ကျနစွာ စိုက်ပျိုးမှ အရည်အသွေးကောင်းမွန်သောစပါးများ အထွက်တိုးမည်ဖြစ်၍ စနစ်တကျလေ့လာ မှတ်သားကြရန် အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းအောင်နှင့်ဒု-လက်ထောက်ဦးစီးမှူး ဦးကောင်းမွန်အေးတို့က နွေစပါးစိုက်စနစ်(၄)မျိုး နှင့်SRI စပါးစိုက်ပျိုးနည်းစနစ် ဆောင်ရွက်ပုံအဆင့်ဆင့်နှင့်အကျိုးဆက်များကို ရှင်းလင်းပြောကြားကြပြီး တောင်သူ ဦးသောင်းမြင့်၏ လယ်ဧက(၂)ဧကတွင် စိုက်ပျိုးထားသော ရတနာတိုးစပါးခင်းအား တက်ရောက်လာကြသော တောင်သူများက ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment