Sunday, July 2, 2017

မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပွင့်ဖြူ     ဇူလိုင်         ၂
မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မိုးရာသီ စုပေါင်းသစ်ပင်စိုပ်ပျိုးပွဲကို ဇူလိုင်လ(၂)ရက်နေ့ နံနက်(၉)နာရီက ဖလံတောကျေးရွာအနီးရှိ တောင်မုန်းမြောင်းမကြီး ၀ဲ/ယာတွင် ကျင်းပခဲ့သည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ရှေးဦးစွာ တိုင်းဒေသကြီး၊အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုမှ အဖွင့် အမှာစကားပြောကြားပြီး၊ တိုင်းဒေသကြီး သယံဇာတနှင့်သဘာပတ်ဝန်ကျင်ထိန်းသိမ်းရေး၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်မှ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများထံ ကျွန်းပျိုးပင်များ ပေးအပ်ပြီး စုပေါင်း တစ်ပျော်တစ်ပါး စိုက်ပျိုး ခဲ့ကြသည်။
အဆိုပါစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများမှ ကျွန်းပျိုးပင် (၁၀၀၀)ပင် ကိုစိုက်ပျိုးပေးခဲ့ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment