Tuesday, July 18, 2017

နှစ်(၇၀)ပြည့် အာဇာနည်နေ့အကြို ဟောပြောပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ


မကွေး     ဇူလိုင်     ၁၇
မကွေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမတွင် ယနေ့နံနက် ၉ နာရီက နှစ်(၇၀)ပြည့် အာဇာနည်နေ့အကြို ဟောပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ် တက်ရောက် အမှာ စကား ပြောကြားပြီး ပြိုင်ပွဲဆုရ ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူတို့နှင့်အတူ ဆုများချီးမြှင့် ပေးအပ်ခဲ့သည်။
အာဇာနည်နေ့အကြို ဟောပြောပြိုင်ပွဲတွင် မကွေးတက္ကသိုလ် ကျောင်းသား ကျောင်းသူ များအဖွဲ့က နှောင်းနောင်တ သရုပ်ဖော်ပြကွက်ဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြပြီး နှစ်(၇၀)ပြည့် အာဇာနည်နေ့အကြို ဟောပြောပြိုင်ပွဲဖြစ်မြောက်ရေးအတွက် MEC ၊ပညာနန်းတော်၊ နေခြည်၊ ဒီဝေလျှံ၊စေတနာမွန်စသည့် ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့်၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဦးနိုင်လင်းဆွေ- ဒေါ်မာမာဝင်း မိသားစုတို့က စေတနာ မေတ္တာဖြင့် ပူးပေါင်းပါဝင်ကာ အလှူငွေများထည့်ဝင်လှူဒါန်းခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် အထက၊အထက-ခွဲ ကျောင်းများနှင့်ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူ(၁၅)ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး MEC ကိုယ်ပိုင်အထက်တန်း ကျောင်းမှ မဖူးပြည့်ပြည့်မောင်က ပထမ၊ မဖြိုးသီရိလွင် (အထက-၁ မကွေး)က ဒုတိယနှင့် တတိယဆုကို မောင်မင်းခန့်အောင် MEC ကိုယ်ပိုင်အထက်တန်းကျောင်းတို့က ရရှိခဲ့ကြပြီး နှစ်သိမ့်ဆုများအဖြစ် (အထက-၂)မှမောင်လင်းဝေယံဦးနှင့်(အထက-၁)မှ မမြင့်မြတ်ဘုန်းတို့က ဆုအသီးသီးရရှိခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment