Friday, July 14, 2017

ရေချမ်းစဉ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အဆောက်အဦဆောက်လုပ်ပြီးစီး




ပွင့်ဖြူ         ဇူလိုင်          ၁၂
          ကျေးလက်ဒေသနေ ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအပြည့်အ၀ရရှိစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသ ကြီးကျန်းမာရေးဦးစီးဌာနမှ ပွင့်ဖြူမြို့နယ်၊ရေချမ်းစဉ်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အဆောက်အဦအား ဆောက်လုပ်ပေးခဲ့ရာ ဇူလိုင်လ(၁၁)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ အဆိုပါ အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအခြေအနေကို သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့သည်။
          အဆိုပါ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)ကို ခွင့်ပြုငွေကျပ် (၆၃၀)သိန်းဖြင့် အလျား(၄၁)ပေ၊အနံ(၃၀)ပေ ရှိ RC တစ်ထပ် အဆောက်အဦးအား ခိုင်ဆန်းသစ်ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ၍ ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment