Sunday, July 2, 2017

မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် တရားရုံးအသုံးပြုသူများအတွက် ၀န်ဆောင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


မကွေး     ဇူလိုင်     ၂
မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် တရားရုံးအသုံးပြုသူများအတွက် ၀န်ဆောင်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၁ ရက်နှင့် ၂ ရက်နေ့များတွင် မကွေးတိုင်းဒေသကြီး တရား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့်တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးအယ်လ်၊တိန်း ဘောမ် တို့က အမှာစကား အသီးသီးပြောကြားခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊တိုင်းဒေသ ကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ တရားသူကြီးများ၊USAID – PRLP မှ Pilot Court Coordinator ဦးမြင့်မောင်မောင်နှင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ် တရားရုံများမှ အရာထမ်း အမှုထမ်း စုစုပေါင်း ၄၄ ဦး တက်ရောက်ခဲ့ပြီး၊အလုပ်ရုံဆွေးနွေးပွဲအား အရာထမ်း အမှုထမ်း ၃၀ ဦးဖြင့် ၂ ရက်ကြာ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment