This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, July 28, 2017

မြေလတ်ဂျာနယ် အတွဲ(၃)၊ အမှတ်(၁၀)၊ ၂၀၁၇၊ သြဂုတ်လ(၁-၁၅)ရက်ထွက် ဂျာနယ်ကို ဇူလိုင်(၃၀)ရက်နေ့ ဖြန့်ချိပါမည်။

မြေလတ်ဂျာနယ် အတွဲ(၃)၊ အမှတ်(၁၀)၊  ၂၀၁၇၊ သြဂုတ်လ(၁-၁၅)ရက်ထွက် ဂျာနယ်ကို ဇူလိုင်(၃၀)ရက်နေ့ ဖြန့်ချိပါမည်။
မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ် နှင့် ရန်ကုန်၊ မန္တလေးမြို့ နှင့် အခြားနယ်ပို့များသို့ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀)ဖုန်းသို့ အကြောင်းကြားပေးစေလိုပါသည်။
အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်။

ပွင့်ဖြူမြို့တွင် H1N1 ရောဂါ ကြိုတင်ကာကွယ်အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်




ပွင့်ဖြူ        ဇူလိုင်       ၂၈
          မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် H1N1 FLU ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို  ဇူလိုင်လ(၂၈)ရက်နေ့ နေ့လယ်(၁)နာရီ အချိန်က  အရှေ့ပိုင်းရပ်ကွက် ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
          အဆိုပါအသိပညာပေးဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူများ၊လူမှုရေးအသင်းအဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန ၀န်ထမ်းများမှ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကာ H1N1 FLU ရောဂါ လက္ခဏာများ၊ ကာကွယ်ရန်နည်းလမ်းများနှင့် အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်နိုင်သဖြင့် အများပြည်သူများ အကြား သွားလာနေထိုင်လုပ်ကိုင်သည့်အခါ နှာခေါင်းစည်း MASK ကို လုံခြုံစွာတပ်ဆင်ထားနိုင်ရေးတို့ကို အကျယ်တ၀င့် ဟောပြောခဲ့ပြီး တက်ရောက်လာသူများအား နှာခေါင်းစည်း MASK များ အခမဲ့ဝေငှပေးခဲ့သည်။
          မြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများမှ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ဇူလိုင်လ (၂၈)ရက် နေ့တွင် အရှေ့ပိုင်းရပ်ကွက်နှင့် အနောက်ပိုင်း ရပ်ကွက်၊(၂၉)ရက်နေ့တွင် အလယ်ပိုင်းရပ်ကွက်များရှိ ဓမ္မာရုံများတွင် ရပ်ကွက်နေပြည်သူများအား စုဝေး၍ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ညပိုင်းတွင် ရပ်ကွက်များအတွင်း လှည့်လည်၍  အသံချဲ့စက်များဖြင့် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း များ နှိုးဆော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

မြို့သစ်တွင်လူကုန်ကူးမှုတိုက် ဖျက်ရေးအသိ ပညာပေးဟောပြော


မြို့သစ် ဇူလိုင်( ၂၈ )
မကွေးတိုင်းဒေသကြီးမြို့သစ်မြို
နယ်တွင်လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲကို၂၀၁၇၊ခုနှစ်ဇူလိုင်လ(၂၈)ရက်နေ့နံနက်(၉း၀၀)နာရီကအထက(၁)ရတနာခန်းမတွင်ကျင်းပသည်။
အခန်းအနားတွင်မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဟိန်းသူဝင်းမှအမှာစကားပြောကြားပြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဇော်မိုးလွင်မှလူကုန်ကူးမှုမခံရစေရေးအသိပညာများကို၎င်းမြို့နယ်ဥပဒေအရာရှိဦးညီညီစိုးမှလူကုန်ကူးမှုနှင့်ပက်သက်သည့်
ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို၎င်း ရှင်းလင်း ပြောကြားခဲ့သည် ။
ဟောပြောပွဲအပြီးတွင်မြို့သစ်မြို့နယ်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင်အိဇွန် နှင့်ဝန်ထမ်းများ က အထက(၁)တွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ လေးများ အသိပညာဗဟုသုတ တိုးပွါးစေရန်ရည်ရွယ်၍
( စာပေရေချမ်းစင် ) စာအုပ်အဟောင်းလေးများ အားဖြန့်ဝေပေးခဲ့သည်။
လူကုန်ကူးမှုတိုက်ဖျက်ရေးအသိ
ပညာပေးဟောပြောပွဲသို့ဌာနဆိုင်ရာအကြီး
အကဲများနှင့်ဝန်ထမ်းများ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း
အင်အား(၇၁၅)ဦးခန့်တက်ရောက်ကြောင်းသတင်းရရှိသည်။
သန်းဝင်းထွန်း { မြို့သစ် }

Tuesday, July 18, 2017

နှစ်(၇၀)ပြည့် အာဇာနည်နေ့အကြို ဟောပြောပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ


မကွေး     ဇူလိုင်     ၁၇
မကွေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမတွင် ယနေ့နံနက် ၉ နာရီက နှစ်(၇၀)ပြည့် အာဇာနည်နေ့အကြို ဟောပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ် တက်ရောက် အမှာ စကား ပြောကြားပြီး ပြိုင်ပွဲဆုရ ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူတို့နှင့်အတူ ဆုများချီးမြှင့် ပေးအပ်ခဲ့သည်။
အာဇာနည်နေ့အကြို ဟောပြောပြိုင်ပွဲတွင် မကွေးတက္ကသိုလ် ကျောင်းသား ကျောင်းသူ များအဖွဲ့က နှောင်းနောင်တ သရုပ်ဖော်ပြကွက်ဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြပြီး နှစ်(၇၀)ပြည့် အာဇာနည်နေ့အကြို ဟောပြောပြိုင်ပွဲဖြစ်မြောက်ရေးအတွက် MEC ၊ပညာနန်းတော်၊ နေခြည်၊ ဒီဝေလျှံ၊စေတနာမွန်စသည့် ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့်၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဦးနိုင်လင်းဆွေ- ဒေါ်မာမာဝင်း မိသားစုတို့က စေတနာ မေတ္တာဖြင့် ပူးပေါင်းပါဝင်ကာ အလှူငွေများထည့်ဝင်လှူဒါန်းခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် အထက၊အထက-ခွဲ ကျောင်းများနှင့်ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူ(၁၅)ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး MEC ကိုယ်ပိုင်အထက်တန်း ကျောင်းမှ မဖူးပြည့်ပြည့်မောင်က ပထမ၊ မဖြိုးသီရိလွင် (အထက-၁ မကွေး)က ဒုတိယနှင့် တတိယဆုကို မောင်မင်းခန့်အောင် MEC ကိုယ်ပိုင်အထက်တန်းကျောင်းတို့က ရရှိခဲ့ကြပြီး နှစ်သိမ့်ဆုများအဖြစ် (အထက-၂)မှမောင်လင်းဝေယံဦးနှင့်(အထက-၁)မှ မမြင့်မြတ်ဘုန်းတို့က ဆုအသီးသီးရရှိခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

Saturday, July 15, 2017

ဗိုလ်ချုပ်အောင်ဆန်းသာ ရှိသေးရင် ချီးကျူးခံရမဲ့ စစ်သားကောင်းတစ်ဦး (သို့မဟုတ်) ယခုလက်ရှိ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း

ဗိုလ်ချုပ်အောင်ဆန်းသာ ရှိသေးရင် ချီးကျူးခံရမဲ့ စစ်သားကောင်းတစ်ဦး (သို့မဟုတ်) ယခုလက်ရှိ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း


အခုတလော လေကာ (လေကြောင်းရန်ကာကွယ်ရေးတပ်) တွေက အရာရှိစစ်သည်တွေ သူတို့တပ်ချုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းအကြောင်း ကို တော်တော်လေး ချီးကျူးပြော ဆိုနေကြတာ သတိထားမိကြမယ်ထင်ပါတယ်။ အင်မတန် စစ်သားပီသပြီး အဂတိတရား ကင်းရှင်းတဲ့ အာဏာအလွဲသုံးစားမလုပ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်တယ် လို့ကြားရတော့ သာဓုခေါ်မိ ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းတပ်ရင်းမှူးဘဝက တစ်ရက် ရုံးခန်းတစ်ခုဘေးက လမ်းလျှောက်လာရင်း တပ်ခွဲမှူးဗိုလ်မှူးနှစ်ယောက် စကားပြောသံကြားလို့ နားစွင့်ကြည့်လိုက်တယ်။

“သူငယ်ချင်း စစ်တပ်မှာ တပ်ရင်းမှူး တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ကားမှ မရှိရင် အဲဒီတပ်ရင်မှူး တော်တော် အသုံး မကျတာလို့ ပြောရမှာပဲကွ။” ဆိုတဲ့စကားသံ ကိုကြားလိုက်ရတယ်။

“အေး…ဟုတ်တယ်သူငယ်ချင်း၊ တပ်ရင်းမှူးတစ်ယောက်ဖြစ်မှတော့ ကိုယ်ပိုင်အိမ်လေး၊ ကားလေးတော့ ရှိသင့်တာပေါ့ကွာ။” လို့ ကျန်တဲ့တစ်ယောက်က ထောက်ခံပြောဆို ပါတယ်။

သူတို့နှစ်ယောက်စကားသံတွေကိုကြားလိုက်ရတဲ့ အဲဒီအချိန်က တပ်ရင်းမှူးဒုတိယဗိုလ် မှူးကြီး စိန်ဝင်းဟာ အံ့သြခြင်းကြီးများစွာနဲ့ စိတ်မကောင်းဖြစ်သွားပြီး ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားတယ်။ စစ်သားဆိုတော့ စိတ်လည်းတိုသွားတာပေါ့။

ဒါနဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစိန်ဝင်းဟာ အဲဒီအရာရှိနှစ်ယောက်ကို သူ့ရုံးခန်းခေါ် ပြီး ဆုံးမစကားပြောပါတယ်။

“အေး…ငါဟာ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် စစ်သားပီသစွာပဲ အလုပ်လုပ်တယ်။ မင်းတို့ပြောတဲ့ အိမ်တွေ၊ ကားတွေ ငါ စိတ်မဝင်စားဘူး။ စိတ်ဝင်စားဖို့နေနေသာသာကွာ၊ အတွေးထဲမှာတောင်မရှိဘူး။ စစ်သားဆိုတာ ကုန်သည်ပွဲစားမဟုတ်ဘူးကွ၊ ဘာဖြစ်ရင် ဘယ်လိုနေရမယ်ဆိုပြီး ဈေးတွက်တွက်လို့မရဘူး။ စစ်သားဟာ စစ်သားပီသအောင်နေ မှသာ သိက္ခာရှိတဲ့ စစ်သား ဖြစ်တော့မပေါ့။ မင်းတို့လည်း စစ်သားတွေဆိုရင် စစ်သား ဆန်ဆန်တွေး၊ စစ်သားဆန်ဆန်စဉ်းစား၊ မဟုတ်တမ်းတရားလုပ်ပြီး ချမ်းသာဖို့ ဘယ်တော့မှ မစဉ်းစားနဲ့။” လို့ ပြောဆိုဆုံးမပါတယ်။

ဒုတိယဗိုလ်မှူးကြီးစိန်ဝင်းဟာ ဗိုလ်ချုပ်ဖြစ်တဲ့အထိ သူပိုင်အိမ်မရှိဘူးလို့ ဆိုပါတယ် ။ နောက်ပိုင်း မနေနိုင်တဲ့ စီးပွားရေးပြေလည် နေတဲ့ တပည့် တပန်းဟောင်းတချို့က ပံ့ပိုးလို့ နိုင်ငံတော်က ပေးတဲ့မြေကွက်လေးမှာ အိမ်လေးတစ်လုံးဆောက်ထားတယ်လို့ သိရပါတယ်။

အခုဒုတိယဗိုလ်ချုပ်ကြီးဖြစ်နေပြီဖြစ်တဲ့သူက တပည့်တွေနဲ့တွေ့တော့ သူ့အိမ်လေးနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့စကားတွေကလည်း နှောင်းဗိုလ်ချုပ်များအတုယူသင့်တဲ့စကားတွေဖြစ်ပါတယ်။

“ကဲ ငါအိမ်ရှိပြီကွာ။  ဒ.ါ…ငါ့အိမ်ပဲဆိုပါတော့ အိမ်ဆောက်ပြီးတဲ့ကာလ ၃နှစ်အတွင်းမှာ ငါဒီအိမ်လေးမှာ ၂ရက်ပဲ အိပ်ဖူးသေး တယ်။ ၃ရက်မြောက်မအိပ်ခင် ငါ သေရင် လည်းသေသွားနိုင်တာပဲကွ။ ဒါဆိုရင် ပိုင်ဆိုင်မှုဆိုတာ ဘဝမှာ အရေးပါလို့လား။ လူဆို တာ ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ ရုတ်ချည်းသေသွားနိုင်တာပဲ။ ဒါ့ကြောင့် အလိုရမ္မက်မကြီးနဲ့။ ကိုယ့်ရဲ့ professional အသက်မွေးဝမ်းကြောင်း အလုပ် က စစ်သားအလုပ်ပဲ။ ဒီတော့ ကိုယ့်အသက်မွေးဝမ်းကျောင်းအလုပ်ကိုပဲ သေသေ ချာချာ အားထည့်ပြီးစနစ်တကျလုပ်။ မဆိုင်တဲ့ စီးပွားရေးအလုပ်တွေ မတရားရှာဖွေရတဲ့ အလုပ်တွေကို စိတ်မဝင်စားနဲ့။” လို့ သူက တပည့်တွေကိုပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းဟာ တပ်စစ်လာတဲ့အခါမှာလည်း ငါးဟင်းနဲ့သာထမင်း စားလေ့ရှိပြီး အစားအသောက်နဲ့ပတ်သက်လို့ ဇီဇာမကြောင်ဘူး ဆိုတာ လည်း လေကာ လောကအသိုင်းအဝိုင်းကတဆင့် သိရပါတယ်။

ပြီးတော့ တပ်မတော်မှာ ထူးခြားတယ်လို့ပြောရမယ့်ကိစ္စကတော့ တပ်စစ်ဆေး ပြီး ပြန်ခါနီးကျရင် သူ့ကိုဧည့်ခံကျွေးမွေးတဲ့ ကုန်ကျစရိတ်ကို သက်ဆိုင်ရာ တပ်ရင်းမှူးကို အမြဲလိုလို ပြန်ထုတ်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။ သဘောကတော့ သူ့ကြောင့် အောက်က တပ်ရင်းတွေကို ဝန်မပိစေချင်တဲ့သဘောပါ။ (လေးစားလိုက်တာ အဘရေ၊ ကျွန်တော်တို့ကြုံဖူးတဲ့ ကစထမှူး၊ တိုင်းမှူး၊ တပ်မမှူးတွေ ကတော့ ပေးတာ ယူ၊ ကျွေးတာစား၊ တိုက်တာသောက်ပြီး အော်ဟစ်ငေါက်ငမ်းပြန်သွားကြတာချည်းပါပဲ။)

သူဟာ မနက် ၄နာရီခွဲ ပုံမှန်ထပြီး လမ်းလျှောက်လေ့ရှိပြီး လမ်းလျှောက်ရင်း ဘုရားစာဆို၊ ပရိတ်/ပဌာန်းရွတ်၊ မေတ္တာပို့ အမျှဝေ လေ့ရှိတယ်လို့လည်း သိရပါတယ်။

ညဘက်တွေမှာ သူ့ဆီကို ဂျင်းသုပ်သွားပို့တဲ့အချိန်တိုင်းမှာလည်း ဂျင်းသုပ်လာပို့တဲ့ အရာရှိငယ်လေးတွေကို ကြည်သာရွှင်ပျတဲ့ မျက်နှာထားနဲ့ “အေး..  အေးကွာ  ကျေးဇူးတင်ပါတယ်။” လို့ မပျက်မကွက် အလေးထားပြောလေ့ရှိ ပါတယ်။ အသေးအဖွဲလေးက အစ လက်အောက်ငယ်သားရဲ့ activity လုပ်ရပ်အပေါ် အသိအမှတ်ပြုကြောင်းပြသတာပါ။ ဒါဟာ လူကြီးလူကောင်းဆန်တဲ့ စာနာစိတ်ရှိတဲ့ သူတွေရဲ့ အပြုအမူပါ။

“အဘ ဦးစိန်ဝင်းက ကားကို ထုတ်ပေးတဲ့ ဓါတ်ဆီပိုတာ ပြန်အပ်တယ်။ သသန မှာတုန်း က ညနေတိုင်း အရာရှိတွေ Fatigue လုပ်ရင် သူ့အတွက်မြက်ပေါက်စရာ ဧရိယာ တစ် ကွက်ပေး ရတယ်.။(အဲဒီတုန်းက ဗိုလ်ချုပ်နော်) ကိုယ်တိုင်မြက်ပေါက်တယ်.။ သူ့အိမ်မှာ တပ်ထောက်က သစ်သားဆက်တီပဲရှိတယ်။ သားသမီးတွေကိုလည်း အင်မတန် ထိန်းသိမ်းတာတော်တယ်။ သူ့သား သမီးတွေက အဝတ်အစား အလန်းကြီးတွေ မဝတ် ဘူး သပ်သပ်ရပ်ရပ်နဲ့ ယဉ် ယဉ်ကျေးကျေး မွန်မွန်ရည်ရည်နဲ့ စာကြိုးစား တယ်။ လေကြောင်းရန်အရာရှိချုပ်ဖြစ်လာတော့ တပ်စစ်သွားရင် ခြေလှမ်း ကျဲကြီးတွေ နဲ့နောက်က PSO က ပြေးလိုက်ရတယ်။ ခုချိန်ထိ ဗိုက်မထွက်၊ အရပ်ကလည်း အမြင့်ကြီးပါ။ တကယ်ရှာမှရှားတဲ့ လူမှန်ကြီးပါ။” လို့ လေကြောင်းရန် ကာကွယ်ရေး တပ်က အရာရှိ တစ်ဦးက ပြောပါတယ်။

အရာရှိတွေ Fatigue လုပ်ရတယ်ကြားလို့ ကျွန်တော်တော့ တော်တော်လေး အံ့သြသွား ပါတယ်။ နိုင်ငံတကာမှာတော့ အထူးသဖြင့် ချမ်းသာတဲ့ဒီမိုကရေစီနိုင်ငံတွေမှာ အရာရှိရော အခြားအဆင့်ပါ Fatigue လုပ်ရတာမရှိပါဘူး။ အဲဒီအလုပ်တွေလုပ်ဖို့  အရပ်သားဝန်ထမ်းတွေခန့်ထားပါတယ်။

ကျွန်တော်တို့တပ်မတော်မှာကတော့ ကျွန်တော်တို့အဖေလက်ထက် ရိုင်ဖယ်ခေတ်မှာ အရာရှိတွေ Fatigue လုပ်/ မလုပ်မသိရ ပေမဲ့ ကျွန်တော်တို့ G3 ခေတ်မှာတော့ ဘယ် အရာရှိမှ Fatigue လုပ်တာမတွေ့ဖူးပါဘူး။ ဒါတွေအားလုံး အခြားအဆင့် စစ်သည် တွေ ရဲ့တာဝန်ချည်းပါပဲ။

ဒါ့ကြောင့် ဒီဘက်ခေတ်အရာရှိတွေကို ကျွန်တော်ပိုအထင်ကြီးပါတယ်။ စုန်းပြူးနည်းနည်း ပါးပါးတော့ ဘယ်နေရာမဆိုရှိစမြဲပေါ့။ အရာရှိကိုယ်တိုင်ကင်းစောင့်ရတယ်၊ ပွိုင့်ပြေး ရတယ်၊ ထမင်းချက်ရတယ်ဆိုတာ ဒီဘက်ခေတ်အရာရှိတွေမှသာ ကြုံရတဲ့ ထူးခြား တဲ့ အတွေ့အကြုံပါ။ စစ်သည်နည်းလို့ဆိုပေမဲ့ ဒါကိုလည်း အရာရှိတွေ ဗျူရိုကရက်စိတ်လျော့ ပါးလာအောင် ကာချုပ်က စီမံထား သလားလို့တောင်တွေးနေမိပါတယ်။

ဘာပဲဖြစ်ဖြစ် သူများတွေအဆိုးမြင်ချင်မြင်ပေမဲ့ ကျွန်တော်ကတော့ အကောင်းမြင် ပါ တယ်။ မြန်မာ့တပ်မတော်ဟာ တဖြည်းဖြည်း နဲ့ အကောင်းဘက်ကိုပြောင်းလာမှာပါ။

အာဏာအလွဲသုံးစားလုပ်တဲ့ အရာရှိတွေကိုလည်း ထိုက်သင့်သလို ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်လို့ထင်ပါတယ်။

ကျွန်တော့်စစ်သက်တစ်လျှောက်လုံးမှာရော အပြင်လောကမှာပါ ဦးနေဝင်းကလွဲလို့ ဘယ်အရာရှိကိုမှ အဘလို့ မခေါ်ခဲ့ဖူးပါ။

အခုလို ကျက်သရေမင်္ဂလာရှိတဲ့ သတင်းမျိုးကြားရတဲ့အတွက် တပ်မတော်ကြည်း ၊ လေကြောင်း ရန်ကာကွယ်ရေးတပ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကို ရိုသေလေးစားစွာ နဲ့ “အဘ” လို့ ရင်ထဲကလှိုက်လှိုက်လှဲလှဲခေါ်ဆို အလေးပြုလိုက်ရပါကြောင်း…။

ရဲကျော်သူရ

Thursday, July 13, 2017

ရေချမ်းစဉ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အဆောက်အဦဆောက်လုပ်ပြီးစီး




ပွင့်ဖြူ         ဇူလိုင်          ၁၂
          ကျေးလက်ဒေသနေ ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအပြည့်အ၀ရရှိစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသ ကြီးကျန်းမာရေးဦးစီးဌာနမှ ပွင့်ဖြူမြို့နယ်၊ရေချမ်းစဉ်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အဆောက်အဦအား ဆောက်လုပ်ပေးခဲ့ရာ ဇူလိုင်လ(၁၁)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ အဆိုပါ အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအခြေအနေကို သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့သည်။
          အဆိုပါ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)ကို ခွင့်ပြုငွေကျပ် (၆၃၀)သိန်းဖြင့် အလျား(၄၁)ပေ၊အနံ(၃၀)ပေ ရှိ RC တစ်ထပ် အဆောက်အဦးအား ခိုင်ဆန်းသစ်ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ၍ ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

နှစ်(၇၀)ပြည့်အာဇာနည်နေ့  အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့်ဟောပြောပွဲများဆောင်ရွက်




ငဖဲ      ဇူလိုင်    ၁၃
ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းပြင်ပ အသိပညာ ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍နှစ်(၇၀)ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့်ဟောပြောပွဲများကို ယနေ့နံနက်ပိုင်းက ငဖဲမြို့နယ် မာန်အောင်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် နေ့လည်ပိုင်းတွင် ကံပေါက်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတို့တွင်ကျင်းပဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်/ဆက်ဦးစီးမှူးဒေါ်ယုယုသိန်းက အာဇာနည်အဓိပ္ပါယ်၊ အာဇာနည် (၆)မျိုး၊အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ဟောပြော ဆွေးနွေးခဲ့ပြီး ကလေး ကြိုက်ရုပ်ပြ၊ပုံပြင်၊တေဇ၊ကလေးသုတစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်းများ ဆောင်ရွက်ပေးသည်။
စာဖတ်ဝိုင်းအပြီးတွင် မြို့နယ်ရုံးမှပြသထားသော အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဗိုလ်ချူပ်အောင်ဆန်း၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှတ်တမ်းများ၊မူးယစ်ဆေးဝါး မှတ်တမ်းဓါတ်ပုံ များ၊နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်မှူ မှတ်တမ်းဓါတ်ပုံများကို ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြသည်။
သန်းနိုင်ဦး(ငဖဲ)