Saturday, June 3, 2017

HIV ပိုးရှိကြောင်း မှားယွင်းဖော်ပြခဲ့သည့် မန္တလေးမြို့တော်ဆေးရုံအား လူနာရှင်ဘက်က နစ်နာကြေးကျပ်သိန်း ၃၀ဝ ရလိုမှုဖြင့် တရားစွဲမှု တရားလိုပြသက်သေအား စစ်ဆေး

HIV ပိုးရှိကြောင်း မှားယွင်းဖော်ပြခဲ့သည့် မန္တလေးမြို့တော်ဆေးရုံအား လူနာရှင်ဘက်က နစ်နာကြေးကျပ်သိန်း ၃၀ဝ ရလိုမှုဖြင့် တရားစွဲမှု တရားလိုပြသက်သေအား စစ်ဆေး
မတ် - ၂၄ ရိုက်ကူး - ကိုနိုင်
HIV ပိုးရှိကြောင်း မှားယွင်းဖော်ပြခဲ့သည့် မန္တလေးမြို့တော်ဆေးရုံအား လူနာရှင်ဘက်က နစ်နာကြေးကျပ်သိန်း ၃၀ဝ ရလိုမှုဖြင့် တရားစွဲမှု မတ်လ ၂၄ ရက်န့က တရားလိုပြသက်သေအား မန္တလေးခရိုင်တရားရုံးတွင် စစ်ဆေးခဲ့သည် ။
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ဘုရားလှကျေးရွာတွင်နေထိုင်သော တောင်သူဦးဝင်းတင်သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလက နေထိုင်မကောင်းသဖြင့် မန္တလေးမြို့တော် ဆေးရုံတွင် တက်ရောက်ကုသခဲ့ရာ ဆေးရုံ၏ဓာတ် ခွဲစမ်းသပ်ချက်အရ HIV ရောဂါပိုးတွေ့ရှိပြီး ရောဂါပိုး မြင့်မား၍ အဆုတ်အတွင်းသို့ရောက် ရှိကြောင်း မှားယွင်းဖော်ပြခဲ့သည် ။ ထိုသို့ မှားယွင်းဖော်ပြပြီး တစ်လအကြာတွင် လူနာ၏ကျန်းမာရေးကို ရန်ကုန်မြို့တွင် သွားရောက်ကုသရာ ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းနှင့် ပုဂ္ဂလိကဆေးရုံများ၏ ဆေးစစ်ချက် အဖြေတွင် လူနာ၌ HIV ပိုး မရှိကြောင်း အဖြေထွက်ခဲ့သည် ။
ထိုကဲ့သို့ မန္တလေးမြို့တော်ဆေးရုံ၏ မှားယွင်းမှုကြောင့် လူနာရှင်မိသားစုမှာ နစ်နာမှုများရှိသည်ဟုဆိုကာ ၂၀၁၆ ခုနှစ် အောက်တိုဘာလထဲက ယင်းဆေးရုံအား နစ်နာကြေးကျပ်သိန်း ၃၀ဝ ရလိုမှုဖြင့် တရားစွဲခဲ့သည် ။

0 comments:

Post a Comment