Friday, June 16, 2017

မြို့နယ်အဆင့် သန်းခေါင်စာရင်း အချက်အလက်များ အသိပညာပေးခြင်း အလုပ်ရုံဆွေးနွေး


ငဖဲ     ဇွန်     ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ပြည်သူ့အင်အားဦးစီးဌာနမှကြီးမှူး၍ ၂၀၁၄-ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာ ကောက်ယူခဲ့သည့် အချက်အလက်များနှင့်ပတ်သက် ၍ မြို့နယ်အဆင့် သန်းခေါင်စာရင်း အချက်အလက်များဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ငဖဲ အထက ဗိုလ်ရွှဲခန်းမ၌ ကျင်းပပြုလုပ်ရာ အမှတ် (၉၀၅)အမြှောက်စစ်ဆင်ရေးကွတ်ကဲရေးမှူး ဗိုလ်မှူးချုပ်မျိုးသန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာန ဆိုင်ရာများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။ 
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက သန်းခေါင်စာရင်းသည် လူဦးရေ အချက်အလက်များသာမက အိမ်နှင့်အိမ်ထောင်စု အကြောင်းအရာများ လူမှုရေး၊စီးပွားရေး၊ပညာ ရေးဆိုင်ရာ အချက်အလက်များ မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့်ပြောင်းရွှေ့သွားလာခွင့်ဆိုင်ရာ အချက်အလက်များ စသည့်ဖြင့် နိုင်ငံတော်၏ လက်ရှိနှင့်အနာဂတ် စီမံကိန်းများရေးဆွဲရာတွင် အရေးပါသည့် အချက်ဖြစ်ကြောင်း အမှာစကားပြောကြားပြီး အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဆွေမြင့်က သန်းခေါင်စာရင်းက ရရှိ လာသည့် အချက်အလက်တွေကို အရည်အသွေးမြင့်မားဖို့၊ အသုံးလိုသူ တွေလက်ထဲကို ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိဖို့နှင့်ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့ တာဝန်ယူ ဆောင်ရွက်နေ ကြောင်း သင်တန်းရည်ရွယ်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါဆွေးနွေးပွဲကို ဇွန်လ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယနေ့မွန်းလွဲပိုင်းတွင် တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်လူမှုရေးအဖွဲ့အစည်းများမှပုဂ္ဂိုလ်များက ငဖဲမြို့ နယ် သန်းခေါင်စာရင်း အချက်အလက်များနှင့်ပတ်သက်၍ စီမံကိန်းများ အသုံချနိုင်ရေး ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment