Friday, June 2, 2017

အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်ကို ဖမ်းမိန့်ထွက်ပြီဟုသိရ

အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်ကို ဖမ်းမိန့်ထွက်ပြီဟုသိရ
=========================
ဗွိုက်စ်သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာဆောင်းပါးရှင် ကိုကျော်ကျော်နိုင် (ခေါ်) ဗြိတိသျှကိုကိုမောင်တို့ကို တပ်မတော်က ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ တိုင်ကြားထားမှုနဲ့ပတ်သက်ပြီး ဒီနေ့ညနေမှာ သူတို့နှစ်ဦးကို ရန်ကုန်မြို.ဗဟန်းရဲစခန်းကို ရဲတပ်ဖွဲ.ကဆင့်ခေါ်မေးမြန်းခဲ့ပါတယ်။ သူတို့နှစ်ဦးကို ဖမ်းဆီးဖို့ အမိန့်ထွက်ထားပြီဖြစ်ကြောင်း စခန်းကိုလိုက်ပါသွားတဲ့ သူတို့ရဲ. ဥပဒေအကြံပေး ဦးခင်မောင်မြင့်က Myanmar Now သတင်းဌာန ကို ယနေ့ ညနေ ၅ နာရီမှာ တယ်လီဖုန်းနဲ့ ပြောဆိုပါတယ်။
“အထက်အမိန့်အရ ရဲစခန်းက အဖမ်းပြတော့မယ်လို့သိရပါတယ်။ သူတို့နှစ်ယောက်ခုထိ စခန်းထဲမှာပဲ။ ကျနော်ကတော့ လုပ်ငန်းပိုင်းဆိုင်ရာ အလွှဲအပြောင်းတွေကြောင့် တနင်္ဂနွေထိစောင့်ပေးပါလို့မေတ္တာရပ်ခံနေပါတယ်” ဟု ဦးခင်မောင်မြင့်က ဆိုသည်။
ခရက်ဒစ် - BaKaung

0 comments:

Post a Comment