Friday, June 16, 2017

ယာဉ်အန္တရာယ်ကင်းရှင်းစေရေး လမ်းလယ်ကျွန်း ထားရှိ ဆောင်ရွက်


ပေါက်     ဇွန်     ၁၃
ပေါက်မြို့ အောင်တံခွန်ရပ်ကွက် ပြည်ထောင်စု လမ်းမကြီးနှင့်ဗိုလ်ချုပ်လမ်းဟောင်း ဆက်သွယ် ထားသည့် ကျားသိုက်တံတားလမ်းဆုံနေရာတွင် ယာဉ်ကြောမျက်ကွယ်ဖြစ်နေ၍ မြို့နယ်ယာဉ်စည်း ကမ်း၊လမ်းစည်းကမ်း ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်အရ မျက်ကွယ်ဖြစ်သည့် လမ်းသွယ် မှလာသောယာဉ်သည် လမ်းမကြီးမှယာဉ်ကို ဦးစား ပေး သွားနိုင်ရေးနှင့်ခရီးသွားပြည်သူများ ယာဉ် မတော်တဆထိခိုက်မှု အန္တရာယ်မှ ကင်းရှင်းစေရေး ရည်ရွယ်ကာ ပေါက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ သာမန်အသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၁.၀၀) သန်းဖြင့် လမ်းလယ်ကျွန်းပြုလုပ်ခြင်းလုပ်ငန်းကို ယမန်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါနေရာတွင် ယခင်က ယာဉ်မတော်တဆ ထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း သိရပြီး ယခုလို ယာဉ်ကြောမျက်ကွယ်ဖြစ်သည့် နေရာအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လမ်းလယ်ကျွန်းထားရှိ ဆောင်ရွက်ပေးခြင်းကြောင့် မြို့တွင်းသာယာလှပ စေပြီး ယာဉ်မတော်တဆမှု အန္တရာယ်များ လျှော့နည်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment