ပွင့်ဖြူ ဇွန် ၂၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပွင့်ဖြူမြို့နယ်ရုံးရှိ
ဝန်ထမ်းများမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး
အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်
အတွဲ(၂)၊အမှတ်(၁)အား ဇွန်လ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် ပွင့်ဖြူ အ.ထ.ကကျောင်းရှိ
ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများ၊ မြို့နယ်အတွင်းရှိ ထက်/လယ်/မှုကျောင်းများမှ ကျောင်းအုပ်ကြီးများ၊
ပွင့်ဖြူမြို့မဈေးအတွင်းရှိ ဈေးရောင်/ဈေးဝယ်နေကြသော ပြည်သူများ၊ လက်ဘက်ရည်ဆိုင်များနှင့်
လမ်းသွား/လမ်းလာပြည်သူများသို့ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
0 comments:
Post a Comment