Friday, June 16, 2017

အိမ်သာကျင်းအတွင်းဖုန်းကျခဲ့၍ ဆင်းဆယ်ရာမှ အမျိုးသားတစ်ဦးသေဆုံး


                ပခုက္ကူမြို့နယ်၊အိုင်ကြီးကျေးရွာတွင် ဇွန်(၁၁)ရက်နေ့က  အမျိုးသားတစ်ဦး အိမ်သာကျင်းအတွင်းပြုတ်ကျ သေဆုံးခဲ့ကြောင်း မြစ်ခြေနယ်မြေရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ ဇွန်(၁၁)ရက်နေ့ ညနေ(၅)အချိန်ခန့်က မြစ်ခြေတိုက် နယ်ဆေးရုံမှ လူသေအလောင်းတစ်လောင်းရောက်ရှိလာကြောင်းသတင်းပေးချက်အရ  မြစ်ခြေနယ်မြေရဲစခန်းမှ ရဲအုပ် တင်မိုး သွားရောက်စစ်ဆေးခဲ့ခြင်းသည်။သေဆုံးသူမှာ ဇော်ဝင်းနိုင်၊၂၂နှစ်၊ အိုင်ကြီးကျေးရွာနေသူဖြစ်ပြီး တစ်ရွာတည်းနေ ဦးမြို့ကြည် အိမ်သာ(ကျင်းအနက် ၉ပေ၊အကျယ် ၃ပေ၊၆လက်မခန့်) တွင် အိမ်သာတက်ရင်း သူငယ်ချင်းဖြစ်သူ ငြိမ်းချမ်းအောင်ထံမှ ခေတ္တငှားထားသည့်ဖုန်းမှာ အိမ်သာကျင်းအတွင်း ပြုတ်ကျသွားသဖြင့် တစ်ယောက်တည်း ဆင်းယူရာ အိမ်သာကျင်းအတွင်း ဦးခေါင်းစိုက်လျှက်တွေ့ရှိခဲ့သဖြင့် မြစ်ခြေတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးသိရှိခဲ့ခြင်းဖြစ်သည်။ယင်းအမျိုးသားသေဆုံးမှုနှင့်ပက်သက်၍  ရဲအုပ် တင်မိုး မှ တရားလိုပြု တိုင်ကြားခဲ့၍ ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၇ ဖြင့်အမှုဖွင့်ထားသည်။  နေဇော်

0 comments:

Post a Comment