Saturday, June 10, 2017

ပွင့်ဖြူမြို့နယ်တွင် နှမ်းရိတ်စက် ဖြင့် စမ်းသပ်ရိတ်သိမ်း ပြသခြင်းဆောင်ရွက်




ပွင့်ဖြူ       ဇွန်     
          မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်တွင် Myanmar Farmer ‘s Choice (MHC) Co.ltd မှတင်သွင်း ဖြန့်ချီသော အီတလီနိုင်ငံ (BCS) ကုမ္ပဏီမှ ထုတ်လုပ်သည့် နှမ်းရိတ်စက် စမ်းသပ်ရိတ်သိမ်းပြခြင်းကို ဇွန်လ (၉)ရက်နေ့ နံက် (၈)နာရီက ကံသာကြီးကျေးရွာအုပ်စု၊တောင်သူ ဦးအောင်သောင်း၏လယ်မြေတွင် ကျင်းပဆောင်ရွက် ခဲ့သည်။
          အခမ်းအနားတွင် ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး၊ စိုက်ပျိုးရေးနှင့်မွေးမြူးရေးဝန်ကြီး ဦးစိုးမြင့်မှ လယ်ယာကဏ္ဍအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။ထို့နောက် Myanmar Farmer ‘s Choice (MHC) Co.ltd ဦးခိုင်ထွေးမှ မိတ်ဆက်စကားပြောကြားပြီး အီတလီနိုင်ငံ (BCS) ကုမ္ပဏီမှ ထုတ်လုပ်သည့် စက်ပစ္စည်းများကို ဒေါက်တာ အောင်မြတ်ကျော်မှ မိတ်ဆက်ရှင်းလင်းပြောကြား၍ အခြားထုတ်ကုန်ပစ္စည်းများ အကြောင်း Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
          ဆက်လက်၍ နှမ်းရိတ်စက်ဖြင့် တောင်သူ ဦးအောင်သောင်း၏လယ်မြေတွင် စိုက်ပျိုးထားသော နွေနှမ်းများကို နှမ်းရိတ်စက်ဖြင့် ရိတ်သိမ်းသရုပ်ပြခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
          အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးများ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့်  အဆိုပါနှမ်းရိတ်သိမ်းစက်ကို အသုံးပြုခြင်းဖြင့် လယ်ယာလုပ်သားရှားပါးမှုပြဿနာများ၊ နည်းစနစ်ပိုင်ဆိုင်ရာ အခက်အခဲများကို ဖြေရှင်ပေးနိုင်မည်ဖြစ်ကြောင်းသိရှိရ သည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment