Friday, June 16, 2017

နယ်လှည့်လှုပ်ရှား အသိပညာပေး လုပ်ငန်းကွင်းဆင်းဆောင်ရွက်




ပွင့်ဖြူ       ဇွန်       ၁၁
          ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူအများ အသိပညာဗဟုသုတ တိုးပွားရရှိ စေရန်ရည်ရွယ်၍ နယ်လှည့်လှုပ်ရှား အသိပညာပေး လုပ်ငန်းကွင်းဆင်းဆောင်ရွက်မှုကို ဇွန်လ(၁၁)ရက်နေ့ နံနက်ပိုင်းက မဒဲကျေးရွာ ရွာလယ်ဓမ္မာရုံအနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
          အဆိုပါနယ်လှည့်လှုပ်ရှားကွင်းဆင်းဆောင်ရွက်မှုကို မြို့နယ်ဦးစီးမှူး ဒေါ်မေသန္တာအောင် ဦးဆောင်သော ၀န်ထမ်းများမှ မူးယစ်ဆေးဝါအန္တရာယ် သိကောင်းစရာများ နံရံကပ်စာစောင်ပြသခြင်း၊ နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြုလုပ်ငန်းများဆောင်ရွက်မှု ဓါတ်ပုံပြပွဲပြသခြင်း၊ ကလေးစာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းနှင့် မူယစ်ဆေးဝါး အန္တရာယ်အကြောင်းသိကောင်းစရာများ အသိပညာပေး ဟောပြောခြင်းတို့ဆောင်ရွက်ခဲ့ရာ ကျေးရွာနေ ဒေသခံပြည်သူ (၁၅၀)ဦးတက်ရောက်၍ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment