ငဖဲ ဇွန် ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန် ကြီးဌာန
မကွေးတိုင်းဒေသကြီး၊
မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု
ကွန်ကရစ်ဖြင့်လုပ်ငန်းသုံး ပစ္စည်းများပြုလုပ်ခြင်းသင်တန်း ဆင်းပွဲ
အခမ်း အနားကို ပင်ဦးကျေးရွာအုပ်စု၊ ပင်ဦးကျေးရွာ
ဘုန်းတော်ကြီးကျောင်းတွင် ဇွန်လ ၁၄ ရက်နေ့ နေ့လယ် ၂ နာရီက
ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်
ဦးခင်မောင်လွင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းတို့က
အမှာစကားအသီးသီးပြောကြားပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဦးယုနိုင်လင်းက
ကျေးလက်ဒေသများတွင် သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ် သက်၍ ကျေးလက်နေပြည်သူများ အသိပညာ အတတ်ပညာများတိုးပွားပြီး အိမ်သုံး လုပ်ငန်းသုံးပစ္စည်းများအား ကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်လာနို င်ပြီဖြစ်၍ မိသားစုဝင်ငွေတိုးပွားရရှိလာမည်ြ ဖစ်သည့်အတွက် ဝမ်းသာကြောင်း ဂုဏ်ပြုစကားပြောကြားကာ သင်တန်းသားများအားသင်တန်းဆင်း ကတ်ပြားများ ပေးအပ်ခဲ့သည်။
ဆက်လက်၍
သင်တန်းသုံး ပစ္စည်းကိရိယာများနှင့် သင်တန်းမှဆောင်ရွက်ပြီးစီး ခဲ့သော
သံဖိနပ်တိုင်၊ကျောက်စည်၊ ဗြုန်းအုတ်၊ရေပြွန်၊ ကွန်ကရစ်တိုင် များနှင့်
လုပ်ငန်းသုံး ပစ္စည်းများအား ကျေးရွာတွင် လိုအပ်သည်များ သုံးစွဲနိုင်ရန်
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ
သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကျေးလက်
ဦးစီးမှူးနှင့် ဝန်ထန်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်
သင်တန်းသား သင်တန်းသူ(၃၀)ဦး တို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment