Tuesday, June 27, 2017

ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုအစီအစဉ် ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ




ပွင့်ဖြူ        ဇွန်       ၂၆
          မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အစီအစဉ် ထပ်ဆင့်ရှင်းလင်းပွဲကို ဇွန်လ(၂၆)ရက်နေ့ နံနက်(၉)နာရီက ပွင့်ဖြူ အ.ထ.ကကျောင်း ခန်းမတွင် ကျင်းပခဲ့သည်။
          အခမ်းအနားတွင် ရှေးဦးစွာ တာဝန်ခံ မြို့နယ်ပညာရေးမှူး ဦးဝမ်းတင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ပွင့်ဖြူ အ.ထ.ကကျောင်းအုပ်ဆရာကြီး ဦးသိန်းဌေးမှ ရှင်းလင်းပွဲကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ကျောင်းဖွံ့ဖြိုး တိုးတက်မှု အထောက်အကူပြု အစီအစဉ် ရှင်းလင်းပွဲကို ဆက်လက်ကျင်းပခဲ့သည်။
          အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲသို့ ပညာရေးဝန်ထမ်းများ၊ နည်းပြဆရာများ၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များမှ တာဝန်ခံဆရာများ၊ မြို့နယ်အတွင်းရှိ ထက်/လယ်/မူကျောင်း(၁၆၂)ကျောင်းမှ ကျောင်းအုပ်ဆရာ/ဆရာမများ တက်ရောက်ခဲ့ပြီး၊ ရှင်းလင်းပွဲကို ဇွန်လ(၂၆)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment