Friday, June 2, 2017

စလင်းမြို့နယ် အထက-တပ်တွင်းကျောင်း၌ စာမေးပွဲဖြေဆိုချိန်တွင် စာရေးခုံများ လိုအပ်နေ

 စလင်း၊မေ ၃၀
င်္ိင်္ိင်္ီင်္ိစလင်းမြို့နယ် တောစိမ့်ကျေးရွာအုပ်စု တပ်နယ်အတွင်းရှိ အထက-တပ်တွင်းကျောင်း အစည်းအဝေးခန်းမ၌ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အခမ်းအနားကို မေလ ၂၉ရက် နံနက် ၁၀နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ထိုတပ်တွင်းအထကတွင် ယနေ့အထိ ကျောင်းသားကျောင်းသူ ၅၈၆ဦး အပ်နှံပြီးစီးနေပါကြောင်း၊ဆက်
လက်၍လည်း မေလ ၃၁ရက်ထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း၊ယခင်ပညာရေးနှစ်တွင် ကျောင်းသားကျောင်းသူ ၅၀၀ဦးကျော်သာ ဝင်ရောက်ခဲ့ကြောင်း၊ထက် လယ် မူ KGတန်းများအတွက် ပုံနှိပ်စာအုပ်များ ဗလာစာအုပ်များနှင့်ဝတ်စုံများကို အခမဲ့ပေးအပ်ခဲ့ကြောင်း၊စတုတ္ထတန်းနှင့်အဌမတန်းများ စာမေးပွဲဖြေဆိုချိန်တွင် စာရေးခုံ ၄၀စုံကျော် ထပ်မံလိုအပ်နေကြောင်း ကျောင်းအုပ်ဆရာကြီးဦးသန်းမြိုင်က ပြောကြားသည်။
အဆိုပါကျောင်းအပ်နှံရေးပွဲသို့ စလင်းတပ်နယ်မှူးဒုတိယဗိုလ်မှူးကြီးစိုးလင်းမောင် NLDပါတီအလုပ်မှုဆောင်ဦးအေးကို လက်ထောက်ပညာရေးမှူးဦးမြတ်ကျော်ခိုင်နှင့်ဌာနဆိုင်ရာဝန်ထမ်းများ ဆရာ ဆရာမများ ကျောင်းသားမိဘများနှင့်ကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဖြိုးမောင်မောင်(စန္ဒကူးမြေ)

0 comments:

Post a Comment