Monday, June 19, 2017

မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ မြေယာလျော်ကြေးပေးအပ်ပွဲအခမ်းအနား တက်ရောက်ခြင်း

မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ မြေယာလျော်ကြေးပေးအပ်ပွဲအခမ်းအနား   တက်ရောက်ခြင်း
......................................................................................................
၁။  (၁၆.၆.၂၀၁၇)ရက်နေ့ နံနက်(၀၉ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီ ခန်းမ၌ ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ၀န်ထမ်းအိမ်ရာအဖြစ်အသုံးပြုလျှက်ရှိသော မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ ကွင်းအမှတ်(၁၆၅၄/မြင်ကင်းကွင်း)၊ ဦးပိုင်အမှတ်(၄၆၊၄၅/၁၊၄၅/၂၊၄၄/၁) ဧရိယာ(၂.၁၈၁)ဧက၏ ဦးပိုင်အမည်ပေါက် တောင်သူ(၄)ဦးအား မြေယာလျော်ကြေးပေးအပ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊ ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဋ္ဌေး၊ ဒေါ်ခင်ချိုလတ်၊ တိုင်းဒေသကြီးလွှတ်တော်ရုံး ၀န်ထမ်းအကြီးအမှူး ဦးတင့်နိုင်ဦး၊ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး၊ မကွေးမြို့နယ်မြေစာရင်းဦးစီးမှူး၊ တောင်သူ(၄)ဦးနှင့် သတင်းမီဒီယာများတက်ရောက် ခဲ့ပါသည်။
၂။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့်ဒုတိယဥက္ကဌတို့မှ အမှာစကားပြောကြားပြီး ဆက်လက်၍ လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့မှ ဦးပိုင်အမှတ်(၄၆)၊ ဦးပိုင် အမည်ပေါက် ဒေါ်မြ၀င်း၏ မြေဧရိယာ (၀.၀၆၈)ဧကအတွက် မြေယာလျော်ကြေးငွေကျပ် (၈၅၀၀၀၀/-)အားလည်းကောင်း၊ ဦးပိုင်အမှတ် (၄၅/၁)၊ ဦးပိုင်အမည်ပေါက် ဦးကြင်၏မြေဧရိယာ (၁.၃၁၃)ဧကအတွက် မြေယာလျော်ကြေးငွေကျပ် (၁၆၄၁၂၅၀၀/)အား လည်းကောင်း၊ ဦးပိုင်အမှတ်(၄၅/၂)၊ ဦးပိုင်အမည်ပေါက် ဦးဘလှိုင်လေး၏မြေဧရိယာ (၀.၇၀၀)ဧကအတွက် မြေယာ လျော်ကြေး ငွေကျပ် (၈၇၅၀၀၀၀/-)နှင့် ဦးပိုင်အမှတ်(၄၄/၁)၊ ဦးပိုင်အမည်ပေါက် ဦးစံလှ၏ မြေဧရိယာဧက (၀.၁၀၀)ဧကအတွက် မြေယာလျော်ကြေးငွေကျပ် (၁၂၅၀၀၀၀/-)တို့အား မြေယာ လျော်ကြေး ငွေများပေးအပ်ခဲ့ပါသည်။
၃။ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းအိမ်ရာအဖြစ် အသုံးပြုလျက်ရှိသော မြေဧရိယာဧက(၂.၁၈၁) ဧက အတွက် ဦးပိုင်အမည်ပေါက် တောင်သူ(၄)ဦးအား တစ်ဧကလျှင်(၁၂၅)သိန်းနှုံးဖြင့် စုစုပေါင်းလျော်ကြေးငွေကျပ် (၂၇၂၆၂၅၀၀/-) ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment