ပွင့်ဖြူ ဇွန်
၁၂
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်တွင်
မြို့နယ်အဆင့် သန်းခေါင်စာရင်းအချက်အလက်များ အသိပညာပေးခြင်းလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲ
အခမ်းအနားကို ဇွန်လ (၁၂)ရက်နေ့ နံနက် (၉)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဗိုလ်ဥတ္တမခန်းမတွင်ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဝင်းရွှေမှ အဖွင့်အမှာစကားပြောကြားပြီး၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေမြင့်မှ သင်တန်းရည်ရွယ်ချက်များ အား ရှင်းလင်းပြောကြားကာ
ဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်း၍ အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အဆင့်
ဌာနဆိုင်ရာဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူများ
စုစုပေါင်း (၇၅)ဦး တက်ရောက်ခဲ့ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ (၁၂)ရက်နေ့မှ
(၁၃)ရက်နေ့ထိ (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment