Friday, June 16, 2017

လူတိုင်းအကျုံးဝင်ပညာရေးအကြောင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ




မင်းဘူး         ဇွန်         ၁၃
          မသန်စွမ်းသူများ၏ ပညာရေးနဲ့ဆိုင်သော နိုင်ငံတကာနှင့် နိုင်ငံတော်မှပြဌာန်းထားသော အခွင်း အရေးများသိရှိစေရန်၊ မြို့နယ်အတွင်းရှိကျောင်းများ၊ ဆရာ/ဆရာမများတွင် လူတိုင်းအကျုံးဝင်ပညာရေး လုပ်ငန်းများကို အကောင်အထည်ဖော်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲအောင်လုပ်ဆောင်သွားမည့် နည်းလမ်းများကို ဖော်ထုတ်နိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ပညာရေးဌာနနှင့် Save the Children အဖွဲ့တို့ပူးပေါင်းကာ လူတိုင်းအကျုံးဝင်ပညာရေးအကြောင်း အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၁၃ ရက်နေ့ နံနက်(၉)နာရီက မင်းဘူးမြို့ သုခမိန်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

          အခမ်းအနားတွင် မင်းဘူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးမှ ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။ ထို့နောက် Save the Children အဖွဲ့မှ ပညာရေးစီမံကိန်းအရာရှိ ဦးသန်းထွဋ်မှ လူတိုင်းအကျုံးဝင်ပညာရေးစီမံကိန်းလုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားသည်။

          အခမ်းအနားသို့ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးမှ ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေး နှင့်ဝန်ထမ်းများ၊ ပညာရေးဌာနမှကျောင်းအုပ်ဆရာ/မများ အထူးဖိတ်ကြားထားသူများ စုစုပေါင်း (၄၃)ဦး တက်ရောက်ကြပြီး မသန်းစွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်သည့်ဥပဒေ၊ စာကြည့်တိုက်များ၏ အခန်းကဏ္ဍာ၊ လူတိုင်းအကျုံးဝင်ပညာရေး၏ သဘောတရားများစသည့်ခေါင်းစဉ်အလိုက် တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး Save the Childrenအဖွဲ့မှ ၀န်ထမ်းများက " ပါဝင်ခွင့်ပေးကြပါ " ဇာတ်လမ်းဖြင့် ပညာပေးဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရှိရသည်။
ဖိုးပြည့်

0 comments:

Post a Comment