Sunday, June 4, 2017

ဂန့်ဂေါခရိုင် ဆောမြို့ သမဝါယမ စောရတနာ တည်းခိုရိပ်သာဖွင့်




ဆော ဇွန်  ၎
          ဂန့်ဂေါခရိုင် ဆောမြို့နယ် သမဝါယမအသင်းစုလီမီတက်က မြို့နယ်သမဝါယမအသင်းစုပိုင် စောရတနာ တည်းခိုဧည့်ရိပ်သာကို ဇွန် ၃ ရက်ကဖွင့်လှစ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထင်လင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြဝင်းနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက် ဥက္ကဌ ဦးအေးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။
          အဆိုပါတည်းခိုရိပ်သာတွင် တစ်ယောက်ခန်း ၉ ခန်း ၊ နှစ်ယောက်အိပ်ခန်း ၉ ခန်း ၊ မိသားစုခန်း ၁ ခန်း တို့ ဖွဲ့စည်းထားရှိ၍  တစ်ရက် ၃၀ ဦး တည်းခိုနိုင်မည်ဖြစ်ပြီး ၁ ရက်လျှင် တစ်ဦးကျပ် ၃၀၀၀ ဖြင့် တည်းခိုနိုင် ကြောင်း ဧည့်ရိပ်သာ မန်နေဂျာ ဦးသန့်ဇင်အောင် ထံမှသိရသည်။
စိန်ကျော်(ဝါးဘိုးချောင်)

0 comments:

Post a Comment