ငဖဲ ဇွန် ၂၅
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးစိုက်ခင်းများနှင့်ပြည်သူဗဟိုပြု စိုက်ခင်း လုပ်ငန်းများ လျာထားချက်နှင့်အောင်မြင်မှုရရှိရေးအတွက် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီး
ဌာန အနေဖြင့် စီမံဆောင်ရွက်လျက်ရှိရာ မင်းဘူးခရိုင် ငဖဲမြို့နယ်
ပန်းထိမ်းကျေးရွာအုပ်စု စံပြ ကျေးရွာ တည်ထောင်သည့် ဗိုလ်ကုန်းကျေးရွာတွင်
ယနေ့ နံနက် ၉ နာရီက ဘက်စုံသုံး တစ်ရွာ တစ်ဧက သစ်ပင်စိုက်ပျိုးခြင်း
အစီအစဉ်အဖြစ် ယူကလစ်ပင်(၆၀၀)ပင်အား ကျေးရွာပိုင်မြေတွင်
စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
တစ်ရွာတစ်ဧက သစ်ပင်စိုက်ပျိုးပွဲတွင် မင်းဘူးခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီး
ဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊
မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများနှင့်အတူ
ဗိုလ်ကုန်းကျေးရွာသူ/ကျေးရွာသား (၁၅၀)ဦးတို့က တပျော်တပါး စုပေါင်းစိုက်ပျိုး ခဲ့ကြသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment