ဂန့်ဂေါ ဇွန် ၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်
ရန်ကုန်အနောက်ပိုင်းခရိုင်ဆေးရုံ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာနီလာသိန်း နှင့် ၂၆
ဦးပါဝင်သည့်အဖွဲ့သည် မေ ၃၀ ရက် နံနက် ၇ နာရီမှစတင်ကာ ဂန့်ဂေါမြို့ ကုတင် ၁၀၀ ဆေးရုံ၌
မျက်စိအတွင်းတိမ်ရောဂါ အပါအဝင် မျက်စိဝေဒနာရှင်များ ၊ မျက်မှန်ကိစ္စ များကို အခမဲ့ ကုသဆောင်ရွက်ပေးခဲ့ရာ
မေ ၃၀ ရက်၊ မေ ၃၁ ရက်နှင့် ဇွန် ၁ ရက်တို့တွင် မျက်စိဝေဒနာရှင် ၂၄၁၄ ဦးအား မျက်စိကျန်းမာရေး
ဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့၍ ၂၄၆ ဦးတို့အား ခွဲစိတ်ကုသပေးကာ ၉၂၀ ဦး တို့အား ဆေးဝါးကုသပေးခဲ့ပြီး
၁၂၄၈ ဦးတို့အား မျက်မှန်စမ်းသပ် တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မျက်စိကုသသည့် အဖွဲ့အား ဂုဏ်ပြုပွဲကို
ဇွန် ၁ ရက်ညက ဂန့်ဂေါမြို့ မြစ်သာခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်
ဒေါက်တာအောင်မိုးညို တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် ဂုဏ်ပြုပန်းခြင်းကိုလည်းကောင်း၊
ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း တာဝန်ရှိသူ များက ပေးအပ်ဂုဏ်ပြုကြကာ ပရီးမီးယား တေးဂီတအဖွဲ့က
ဂုဏ်ပြုသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက် ခဲ့ကြကြောင်း သိရသည်။
စိန်ကျော်(ဝါးဘိုးချောင်)
0 comments:
Post a Comment