ငဖဲ ဇွန် ၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားကြီး(၃)မို င်လမ်းအဝင်
လှေတင်တံတားကြီး ပန္နတင် မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉း၄၅ နာရီက
ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊ဒုဥက္ကဌ
ဦးဇော်မျိုးဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တံတားတည်ဆောက်ရေး
ကြီးကြပ်မှု ကော်မတီ ဝင်များနှင့် မန်းရွှေစက်တော် ဂေါပက ဥက္ကဌတို့က
တံတားတည်ဆောက်မည့် ဘိုးပိုင်အမှတ်(p-3)နေရာရှိ သတ်မှတ်နေရာ အသီးသီးတို့တွင်
နေရယူပြီး မင်္ဂလာအချိန်တွင် ပန္နက်တင်မင်္ဂလာ ပြုကာ တံတားကြီးအား
တာဝန်ယူဆောက်လုပ်မည့် အင်ဂျင်နီယာများ၊တည်ဆောက်ရေး လုပ်သားများက
မန်းရွှေစက်တော်ဘုရား လှေတင်တံတားကြီး တည်ဆောက်ရေးလုပ်ငန်းကို
စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment