Saturday, June 10, 2017

ကျောင်းသားကျောင်းသူများအားကျောင်းဆင်းချိန်တွင်ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ပေးစေလို





နတ်မောက်                    ဇွန် ၉

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌အခြေခံပညာအထက်တန်း၊အလယ်တန်းနှင့်မူလတန်းကျောင်းများသည်နတ်မောက်မြို့မိန်းလမ်းမများဖြစ်ကြသည့်နတ်မောက်-ပျော်ဘွယ်၊နတ်မောက်-မြို့သစ်နှင့်နတ်မောက်-မကွေးကားလမ်းဘေးတွင်တည်ရှိပြီးကျောင်းဆင်းချိန်များတွင်ကျောင်းသား၊ကျောင်းသူများသွားလာရာယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက်မြန်မာနိုင်ငံမြို့မရဲစခန်းရဲတပ်ဖွဲ့မှကူညီပေးစေလိုကြောင်းသိရသည်။
"ကျွန်မတို့ကျောင်းသားမိဘတွေကကျောင်းဆင်းချိန်အမီကျောင်းပေါက်ဝကိုရောက်နေမှတော်ကာကြတယ်ကျောင်းဆင်းပြီဆိုလျှင်ကျောင်းလာကြိုသည့်မိဘများကသူ့ကလေးကိုယ့်ကလေးလက်ဆွဲပြီးခေါ်သွားခဲ့ရာလာမကြိုနိုင်သည့်ကျောင်းသားကလေးငယ်များမှာလမ်းများကိုဖြတ်ကူရာတွင်မော်တော်ဆိုင်ကယ်များ၊ကားများ၊စက်ဘီးများနှင့်မြင်းလှည်းများကားလမ်းမပေါ်တွင်ရှုပ်ယှက်ခပ်နေ၍KGတန်း၊သူငယ်တန်းနှင့်တစ်တန်းကလေးငယ်များအတွက်အထူးစိုးရိမ်ပူပန်ရသောကြောင့်ကျောင်းဆင်းချိန်များတွင်ရဲတပ်ဖွဲ့ဝင်များ၊ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်သက်ဆိုင်ရာတာဝန်ရှိသူများကကျောင်းများကိုလာရောက်ကြီးကြပ်ကူညီပေးစေလိုကြောင်းကျောင်းသားလာကြိုသူမိဘတစ်ဦး"မှပြောကြားခဲ့ကြောင်းသိရသည်
လှဝင်း(နတ်မောက်)

0 comments:

Post a Comment