ပွင့်ဖြူ ဇွန်
၁
မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ် ၂၀၁၇-၂၀၁၈
ပညာသင်နှစ်တွင် အခြေခံပညာကျောင်း (၂၉)ကျောင်း ကို အဆင့်တိုးမြှင့်၍ ဇွန်လ(၁)ရက်နေ့မှစတင်
ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
အခြေခံပညာကျောင်း အ.ထ.က(ခွဲ)မှ အ.ထ.ကအဆင့်သို့
(၂)ကျောင်း၊အ.လ.က မှ အ.ထ.က(ခွဲ)သို့ (၁)ကျောင်း၊အ.လ.က(ခွဲ)မှ အ.လ.ကအဆင့်သို့(၁၂)ကျောင်း၊
မူလွန်ကျောင်းမှ အ.လ.က(ခွဲ)အဆင့်သို့ (၃)ကျောင်း၊ အ.မ.ကမှ မူလွန်အဆင့်သို့ (၈)ကျောင်း၊
အ.မ.က(ခွဲ)မှ အ.မ.ကအဆင့်သို့ (၂)ကျောင်းနှင့် ကိုယ့်အားကိုယ်ကိုးကျောင်းမှ အ.မ.က(ခွဲ)အဆင့်သို့
(၁)ကျောင်း၊စုစုပေါင်း (၂၉)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်သင် ကြားပေးနေလျက်ရှိရာ
ကျောင်းသားဦးရေနှင့် ဆရာဦးရေး မျှတရေးအတွက် ပညာရေးဝန်ထမ်းများလည်း တိုးမြှင့် ခန့်ထားပေးလျက်ရှိကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment