ပွင့်ဖြူ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်၊ငါးလုပ်ငန်းဦးစီးဌာနမှ
သား/ငါးထုတ်လုပ်မှုတိုးမြှင့်စေရေးနှင့် ရေအောက်သယံဇာတများ ပေါကြွယ်ဝစေရန်ရည်ရွယ်၍ မိုးဦးကာလ ငါးရစ်ငါးသန်များ သားပေါက်ကာလတွင် မြစ်၊ချောင်းများအတွင်း
ငါးဖမ်းဆီးမှုမရှိစေရေးနှင့် ဘက်ထရီလျှော့တိုက်နည်းဖြင့်ငါးဖမ်းဆီးမှုမရှိစေရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍
ဇွန်လ (၁၀)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ပွင့်ဖြူမြို့နယ် နယ်နိမိတ်အတွင်းရှိ သံကိုင်းကျေးရွာနှင့်
နန်းတော်ကျွန်းကျေးရွာအကြားရှိ ဧရာဝတီမြစ်ရိုးတစ်လျှောက် ငါးဖမ်းဆီးမှုများအား ကွင်းဆင်း
စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment