Tuesday, June 27, 2017

စားသုံးသူဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း


ပေါက် ဇွန်  ၂၆

ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်အတူ မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ရပ်ကွက် အုပ်ချုပ်ရေးမူးတို့ ပူးပေါင်း၍ ပေါက်မြို့မဈေး အတွင်း ကုန်မျိုးစုံ /ကုန်ခြောက် ရောင်းချလျက် ရှိသောဈေးဆိုင်များတွင် (FDA) မှ နိုင်ငံပိုင်သတင်း စာများတွင် အများပြည်သူများ စားသုံးရန် မသင့်ဟု ကြေငြာထားသည့် စားသောက်ကုန်များ ရောင်းချ နေခြင်း ရှိ/ မရှိကို ယမန်နေ့ နံနံက်ပိုင်းက ကွင်းဆင်း စစ်ဆေး၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး ကွင်းဆင်းရာတွင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမူး 
ဦးသန်းဦက စားသုံးသူရေးရာအဖွဲ့အတွက် ဆောင်ရွက်နေသည့် စားသုံးသူ အကာအကွယ် ပေးရေးဥပဒေ၊ အန္တရာယ်ရှိသော ဓာတုဗေဒ ဆေးဝါးများနှင့် တာရှည်ခံဆေးဝါးများမှ ရရှိစေနိုင်သော ဆိုးကျိုးများ၊ ရက်လွန်နေသော အစားအစာများကို ရောင်းချခြင်း မပြုရန်  စသည့်ကိစ္စရပ်များနှင်စပ်လှဉ်း၍ လည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ စားသုံးသူရေးရာ သိကောင်းစရာများ၊ ဘေးထွက်ဆိုးကျိုးများနှင့် လုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများအား ဈေးဆိုင်ခန်းရှင် ဈေးသူ ဈေးသားများအား အသေးစိတ် ရှင်းလင်းပြောကြားကာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊စားသောက်ကုန်ပစ္စည်းများ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment