ငဖဲ ဇွန် ၈
မင်းဘူးခရိုင်
ငဖဲမြို့ မြို့နယ်ထွေအုပ်ရုံး အစည်းအဝေးခန်းမတွင်
စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊
စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီရာသီသီးနှံဌာနခွဲနှင့်(အြ ပည်ပြည်ဆိုင် ရာသတ္တ၀ါနှင့်အပင်ထိန်းသိမ်းရေး အဖွဲ့)တို့မှ
ပူးပေါင်းဖွင့်လှစ်သော ကော်ဖီ နှင့်အရိပ်ပင်ယှဉ်တွဲ
စိုက်ပျိုးနည်းပညာပေးရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက
ကျင်းပသည်။
ငဖဲမြို့နယ်အတွင်း ကော်ဖီနှင့်အခြားဝင်ငွေရ အရိပ်ပင်ယှဉ်တွဲစိုက်ပျိုးထုတ် လုပ်မှုလုပ်ငန်း
များ ဖွံ့ဖြိုးတိုးတက်လာစေပြီး တောင်စောင်းများ လှေခါးထစ်နှင့်ကွန်တို
စိုက်ပျိုးလာစေခြင်းကြောင့် မြေဆီလွှာတိုက်စားမှုကို ကာကွယ်ကာ သစ်တောများ
ပြုန်းတီးမှုလျှော့နည်း၍ သစ်တောများ ပြန်လည်ထူထောင်စေရန်နှင့်တောင် သူများ ၀င်ငွေတိုးပြီး လူမှုဘ၀ တိုးတက်လာစေရန် ရည်ရွယ်၍ သင်တန်းတွင် GAP အကြောင်း သိကောင်းစရာများ ထည့်သွင်းသင်ကြားပို့ချပေးသွား မှာဟု (Fauna and Flora International)မှ စိုက်ပျိုးရေးဦးစီး ဦးခင်မောင်စိုးက ပြောသည်။
သင်တန်းတွင် ကော်ဖီစိုက်ပျိုးရန် မြေနေရာရွေးချယ်ခြင်း၊ပြုပြင်ြ ခင်း၊ ပညက်ရိုက်ခြင်း၊ တောင်စောင်း လှေခါးထစ်စိုက်ပျိုးနည်း၊ကော်ဖီ စိုက်ပျိုးနည်း၊ပျိုးထောင်နည်း အရိပ်ရပင်များဖြစ် သော ထောပတ်၊မျောက်ငိုနှင့်အခြားဝင်ေ ငွရ
လက်ဖက်နှင့်ဝဥ စိုက်ပျိုးနည်းများကို မြို့နယ်အတွင်း ရှိ ကျေးရွာ(၇)ရွာမှ
တက်ရောက်လာသည့် သင်တန်းသား(၃၀)ဦးတို့အား ကော်ဖီ ရာသီသီးနှံ ဌာနခွဲမှ
သင်တန်းဆရာ ဦးဇော်သိန်း(ခြံတာဝန်ခံ)နှင့် ဦးကျော်မောင်(လ/ထ)ဦးစီးမှူးတို့ က ဇွန်လ ၈ ရက်နှင့် ၉ ရက်နေ့များတွင် စာတွေ့(၂)ရက်ပို့ချကာ လက်တွေ့ကွင်းဆင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှ ယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် အပြည်ပြည်ဆိုင်ရာ သတ္တ၀ါနှင့်အပင်ထိန်းသိမ်းရေးအဖွဲ့
စိုက်ပျိုးရေးဦးစီးတို့က အမှာစကား အသီးသီးပြောကြားခြင်း၊ ကျေးရွာ(၇)ရွာမှ
ဧက(၂၀)တွင်စိုက်ပျိုးမည့် ကော်ဖီပင်(၂၀၀၀၀)၊ ထော
ပတ်ပင်(၇၀၀၀)နှင့်ငရုပ်ကောင်း( ၂၀၀၀၀)ပင်တို့ကို တက်ရောက်လာသော သင်တန်းသားထံ တာဝန်ရှိသူတို့က အသီသီးက ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment