ပွင့်ဖြူ ဇွန် ၈
ပွင့်ဖြူမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုတတိုးပွားရရှိစေရန်
ရည်ရွယ်၍ ဇွန်လ(၈)ရက်နေ့ နံနက်(၉)နာရီက ရှောက်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်
နယ်လှည့်လှုပ်ရှားဆောင်ရွက်မှုကွင်းဆင်းဆောင် ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်ဦးစီးမှူး
ဒေါ်မေသန္တာအောင် ဦးဆောင်သောဝန်ထမ်းများမှ မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်ပြသခြင်း၊
နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု လုပ်ငန်းဆောင်ရွက် မှုမှတ်တမ်းဓါတ်ပုံများပြသခြင်း၊
ကလေးစာဖတ်ဝိုင်းပြုလုပ်ပေးခြင်းနှင့် မူးယစ်ဆေးဝါးအသိပညာ ပေးဟောပြောပွဲဆောင်ရွက်ခြင်းများ
ဆောင်ရွက်ခဲ့ရာ ရှောက်တော အ.ထ.က ကျောင်းရှိ ကျောင်းသား/သူများမှ စိတ်ပါ ၀င်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း
သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment