မကွေး မေ ၂၄
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊
ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထာရေး ဦးစီးဌာန၊ မကွေးတိုင်းဦးစီးမှူးရုံးမှ
တာဝန်ရှိသူများ သည် မေလ ၂၁ ရက်နေ့ ညနေ ၄း၅၀ နာရီခန့်က မကွေးမြို့တွင်
မိုးအနည်းငယ်ရွာသွန်းပြီး လေပြင်းထန်စွာ တိုက်ခတ်မှုကြောင့်
လူနေအိမ်(၂၇၉)လုံး အမိုးလန်ပျက်စီးခဲ့ပြီး နေအိမ် (၂၇)လုံးမှာ
လုံးဝပြိုကျပျက်စီးခဲ့ရာ အမိုးလန်ပျက်စီးမှု အတွက်
တစ်အိမ်လျှင်(၂၀၀၀၀/-)ကျပ်နှုန်ြး ဖင့် (၅၅၈၀၀၀၀/-) ကျပ်နှင့် လုံးဝပြိုကျပျက်စီး လူနေအိမ်(၂၇)လုံးအတွက် တစ်အိမ်လျင်(၁၀၀၀၀၀)ကျပ်နှုန်ြး ဖင့် (၂၇၀၀၀၀၀)ကျပ်၊ လူဦးရေ (၁၂၂၄)ဦးအတွက် ဆန်ဖိုး(၇)ရက်စာ (၂၅၇၀၄၀၀)ကျပ် လုံးဝပျက်စီး ဘုန်းကြီးကျောင်း(၂)ကျောင်းအတွ က် (၄၀၀၀၀၀)ကျပ် တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်း(၂)ကျောင်းအတွ က်
(၂၀၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးကို အိမ်ထောင်စု(၂၇)စု
တို့အတွက် တိုင်းဒေသကြီးလူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊
မြို့နယ်အုပ်ချုပ်ရေး မှူးတို့နှင့်အတူ မေ ၂၂ ရက်နေ့တွင်
ကွင်းဆင်းသွားရောက်ကာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ န၊မကွေးတိုင်း
ဒေသကြီးဦးစီးမှူး ဦးမြင်စိုးနှင့် ဝန်ထမ်းများသည် မေ ၂၃ ရက်နေ့တွင်
ရာသီဥတု အပူချိန်မြင့်မား လာသည်နှင့်အမျှ သောက်သုံးရေ အခက်အခဲနှင့်
ကြုံတွေ့ရသော နတ်မောက်မြို့နယ် ပိတောက်ငုတ်ကျေးရွာမှ
အိမ်ခြေ(၁၃၅)အိမ်၊လူဦးရေ(၆၇၅) ဦးတို့ အတွက် သောက်သုံးရေဂါလံ(၈၀၀၀)ံကို အဆိုပါ ကျေးရွာသို့ သွားရောက်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment