Monday, May 8, 2017

မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေး




မကွေး    မေ    
          ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရှိစေရေး၊မိသားစုဝင်ငွေ တိုးပွားစေရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိရာ မကွေးခရိုင် ကျေး/လက်ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက မြစိမ်းရောင်ကျေးရွာ သုံးသပ်ဆွေးနွေးပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။
          အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဦးလှဆန်းနှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်တို့က မြစိမ်းရောင် ကျေးရွာ အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းများများနှင့်ပတ်သက်၍ အမှာစကား အသီသီး ပြောကြားပြီး မြစိမ်းရောင်ကျေးရွာကော်မတီဝင်များက စီမံကိန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အားနည်းချက် အားသာချက်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသော ဌာန ဆိုင်ရာများနှင်လွှတ်တော်ကိုယ်စားလှယ်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
          အဆိုပါဆွေးနွေးပွဲတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြဆု ရရှိသော ကန်ဦးကျေးရွာ၊ စာရင်း ဇယားကောင်းမွန်မှုဆုရ တောင်ယာတောကျေးရွာနှင့်စည်းလုံးညီညွတ်မှုဆုကို ကျောင်းဆောင် ကျေး ရွာတို့မှ ရရှိခဲ့ပြီး လွတ်တော်ကိုယ်စားလှယ်များက ဆုအသီးသီးပေးအပ်ချီးမြှင့်ကြကာ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးဦးဝင်နိုင်က ဆုရွေးချယ်ချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
          ကွန်တော်တို့ကျေးရွာ မြစိမ်းရောင်ကျေးရွာကော်မတီများ အနေဖြင့် စာရင်းဇယားများနှင့် ပတ်သက်လို့ တာဝန်ခံတစ်ဦးတစ်ယောက်ထဲ မဟုတ်ဘဲ ကော်မတီဝင်များအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြလို့ ဆုရရှိခဲ့တာပါ နောင်နှစ်များမှာလည်း ခုလိုဆုများရရှိအောင် စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာပါဟု စာရင်းဇယားကောင်းမွန်မှုဆုရ ရရှိခဲ့သော တောင်ယာတော ကျေးရွာ မြစိမ်းရောင်ကျေးရွာကော်မတီ အတွင်းရေးမှုး ဦးနန်းဝင်းလှိုင်ကပြောသည်။
          မကွေးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်း ရောင်ကျေးရွာ(၁)ရွာ၊၂၀၁၅-၂၀၁၆ ခုနှစ်တွင်(၁၀)ရွာနှင့်၂၀၁၆-၂၀၁၇ ခုနှစ်တွင်(၇)ရွာ စုစုပေါင်း ကျေးရွာ(၁၈)ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၇ ၂၀၁၈ ခုဘဏ္ဍာရေးနှစ်တွင်ကျေးရွာ (၈)ရွာ ဆက်လက်တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့်အဆိုပါအခမ်းအနားသို့ ကျေးရွာ(၁၈)ရွာမှ မြစိမ်းရောင်ကျေးရွာ ကော်မတီ ၀င်(၄၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦးငဖဲ)

0 comments:

Post a Comment