Monday, May 15, 2017

ငွေစုငွေချေးသမဝါယမအသင်းလီမိတတ်၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်နှစ်ပါတ်လည်အစည်းအဝေးကျင်းပ





နတ်မောက်               မေ ၁၄

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတတ်၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်နှစ်ပါတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကိုမေ၁၄ရက်နံနက်၉နာရီခွဲအချိန်ကမြို့နယ်သမဝါယမဦးစီးဌာနရုံးတွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင်သဘာပတိအသင်းဥက္ကဌ၊မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိတို့ကအဖွင့်အမှာစကားများပြောကြားခဲ့ပြီးအသင်းအဖွဲ့စည်းတာဝန်ပေးအပ်ထားရှိသည့်အမှုဆောင်ဒါရိုက်တာအဖွဲ့ဒေါ်ဝင်းမေးထွန်းက၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်အတွင်းကျင်းပပြုလုပ်သည့်အမှုဆောင်ဒါရိုက်တာအဖွဲ့လုပ်ငန်းအစီရင်ခံစာကိုဖတ်ကြားခြင်းနှင့်အသင်းအတွင်းရေးမှုးဦးဌေးဝင်းက၂၀၁၆-၂၀၁၇ခုဘဏ္ဍာရေးနှစ်အတွက်ဘဏ္ဍာရေးအခြေပြလက်ကျန်များကိုရှင်းလင်းခဲ့ကြောင်းသိရသည်။
ထို့နောက်တက်ရောက်လာကြသည့်အသင်းဝင်များ၏အကြံပြုဆွေးနွေးချက်များနှင့်တင်ပြချက်များကိုအသင်းဥက္ကဌနှင့်မြို့နယ်သမဝါယမဦးစီးအရာရှိတို့ကပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။လှဝင်း(နတ်မောက်)

0 comments:

Post a Comment