ပွင့်ဖြူ မေ
၂၅
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်၊
အုပ်ဖိုကျေးရွာတွင်မေလ(၂၄)ရက်နေ့က အရက် အတူသောက်ရာမှ လူသတ်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မေလ(၂၄)ရက်နေ့၊နံနက်(၆)နာရီတွင်
အုတ်ဖိုကျေးရွာ၊ရွာခွဲတာဝန်ခံမှ သန၀ကျေးရွာမြောက်ဘက် ရှိမုန်းချောင်းအတွင်း အုတ်ဖိုကျေးရွာနေ
ဦးလှစိန်(ဘ)ဦးတင့် သည်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းပေးမှုအရ ပွင့်ဖြူမြို့နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဆန်းမြင့်၊သက်သေ ကျစ်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ရွာခွဲတာဝန်ခံတို့နှင့်အတူ
အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ
သန၀ကျေးရွာမြောက်ဘက်
မုန်းချောင်းအတွင်း (ရေပြင်အကျယ် -၁၅၀ ပေ၊အနက်-၂ ပေခန့်) မုန်းကမ်းပါးနှင့် (၇၅)ပေခန့်အကွာ
ရေထဲတွင် ဦးလှစိန်မှ ထိုးသွင်း/ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ ဥပဒေအရ
အရေးယူဆောင်ရွက်ပေးပါရန် တိုင်တန်းသဖြင့် အမှုစစ် ဒု-ရဲမှူး အေးဇော်မှ စစ်ဆောင်ရွက်ခဲ့သည်။
အမှုအား သက်သေများနှင့်အတူ လိုက်လံစုံစမ်းစစ်ဆေးရာ
အခင်းမဖြစ်မီညက အုတ်ဖိုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းပျက်အနီးတွင် တစ်ရွာတည်းနေ
စိုးသက်လွင်(ဘ)ဦးသက်ဆွေ နှင့် ဦးလှစိန်တို့သည် အရက်အတူသောက်ရာမှ သေဆုံးသူဦးလှစိန်က
အရက်အကုန်မတိုက်သဖြင့် တစ်ယောက်တစ်ခွန်းစကား များ ပြီးနောက် စိုးသက်လွင်မှ အသင့်ပါလာသော ၀ါးရိုးတပ် အရိုး(၅)လက်မ/အသွား
(၁၀)လက်မရှိဓားဖြင့် ထိုး/ခုတ်ခဲ့ပြီး၊ကျေးရွာမြောက်ဘက်ရှိ မုန်းချောင်းအတွင်း ပစ်ချခဲ့ကာ
အစ်မဖြစ်သူနေထိုင်သော ရှားတောကျေးရွာသို့ထွက်ပြေးတိမ်းရှောင်နေခဲ့သည်ကို မြို့မရဲစခန်းမှ စုံစမ်း စစ်ဆေးရရှိသဖြင့် မေလ(၂၄)ရက်နေ့
နံနက်(၁၀)နာရီက လိုက်လံဖမ်းဆီးခေါ်ဆောင်လာခဲ့ကာ မသင်္ကာတရားခံ စိုးသက်လွင်အား ပွင့်ဖြူမြို့မရဲစခန်း
မှ အမှုအား အမြန်တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း
သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment