Monday, May 22, 2017

ဟင်္သာတရှိ ထူးဆန်းသည့် မီးခိုးများထွက်နေသည့် နေအိမ်ကိုရေလောင်း၍ စောင့်ဆိုင်း ကြည့်ရှု့ နေ

ဟင်္သာတရှိ ထူးဆန်းသည့် မီးခိုးများထွက်နေသည့်
နေအိမ်ကိုရေလောင်း၍ စောင့်ဆိုင်း ကြည့်ရှု့ နေ
-------------------------------------------
ဟင်္သာတမြို့နယ် ၊ပန်းပဲတန်းရပ်ကွက်တွင် ထူးဆန်းစွာမီးခိုးများ
ထွက်နေသည့် အိမ်ကို ရေလောင်း၍ စောင့်ကြည့်နေကြကြောင်း
ဟင်္သာတမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ် ဦးကျော်စိုးက မေလ ၂၂ ရက်တွင် The ladies
သို့ပြောသည်။
“မီးလောင်တာတော့မဟုတ်ဘူး ၊မီးခိုးတွေထွက်နေတာ
လေးရက်လောက်တော့ရှိပြီ ဟိုနားကထွက်လိုက်၊
ဒီနားကထွက်လိုက်ဖြစ်နေတာ၊ မီးလောင်နိုင်တဲ့ပစ္စည်းတွေကို
ရွှေ့ထားပြီးတော့ အိမ်ကိုရေလောင်းပြီးစောင့်ကြည့်နေတယ်၊
အဲ့ဒီအိမ်က အရင်က ဆိုင်ကယ်တွေဘာတွေပြင်တဲ့အိမ်”ဟု
ဦးကျော်စိုးကပြောသည်။
အဆိုပါဖြစ်ရပ်ကြောင့် မီးသတ်ကားများနှင့် ရပ်ကွက်ရာအိမ်မှုး၊
ဆယ်အိမ်မှုးများကလည်း စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်းသိရသည်။
ထို့အတူ ရပ်ကွက်နေပြည်သူအများအပြားကလည်း လာရောက်ကြည့်ရှုမှုများရှိကြောင်းသိရသည်။
ဓါတ်ပုံ Credit ကိုအောင်မျိုးတင့် FB
ဖော်မင်းထွန်း
via;The Ladies News

0 comments:

Post a Comment