Wednesday, May 24, 2017

(မဘသ)အဖွဲ့ ဆိုင်းဘုတ် များကို ၁၅-၇-၂၀၁၇ ရက်နေ့နောက်ဆုံး ထား၍ အပြီးအပိုင်ဖြုတ်သိမ်းရန် အပါအ၀င်ဆုံးဖြတ်ချက် ၄ ခုချမှတ်



· 7 hrs ·
(မဘသ)အဖွဲ့ ဆိုင်းဘုတ် များကို ၁၅-၇-၂၀၁၇ ရက်နေ့နောက်ဆုံး ထား၍ အပြီးအပိုင်ဖြုတ်သိမ်းရန်
အပါအ၀င်ဆုံးဖြတ်ချက် ၄ ခုချမှတ်
ယနေ့ ကျင်းပသည့် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ပဉ္စမအထူးအစည်းအဝေးက ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်များနှင့် ဝန်ခံကတိလက်မှတ်ရေးထိုးခြင်းတို့ကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
၉၁။ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး(မဘသ) အဖွဲ့ကိစ္စနှင့်စပ်လျဉ်း၍ ၂၃-၅-၂၀၁၇ နေ့တွင် ကျင်းပသော
သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ပဉ္စမအထူးအစည်းအဝေးတွင် ဆွေးနွေးတော်မူကြပြီး
၁၅-၇-၂၀၁၃ နေ့ ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဒုတိယအစည်းအဝေး၊
၁၁-၇-၂၀၁၆ နေ့ ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဧကာဒသမညှိနှိုင်း
အထူးအစည်းအဝေးများက သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း(၂)၊ အပိုဒ်(၄)နှင့် လည်းကောင်း၊ သံဃာ့
အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း အခန်း(၂)၊ အပိုဒ်-၃(က)(ခ)တို့နှင့်လည်းကောင်း ညီညွတ်ခြင်းမရှိ၍ အမျိုးဘာသာ
သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တရားမဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်းသာဖြစ်ကြောင်း ဆုံးဖြတ်ထားပြီး
ဖြစ်သောကြောင့် ဖော်ပြပါအတိုင်း ဆောင်ရွက်ရန် ဆုံးဖြတ်တော်မူကြပါသည်။
(က) အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့အမည်ခံ ပုဂ္ဂိုလ်များသည် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်
ဖြစ်စေ (မဘသ) အမည်ကို သုံးစွဲလျက် မည်သည့်အမှုကိစ္စမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန်၊
(ခ) မြန်မာနိုင်ငံအနှံ့အပြားစိုက်ထူထားသော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့ ဆိုင်းဘုတ်
များကို ၁၅-၇-၂၀၁၇ ရက်နေ့ နောက်ဆုံးထား၍ အပြီးအပိုင်ဖြုတ်သိမ်းရန်၊
(ဂ) အထက်ပါ (က) (ခ) ဆုံးဖြတ်ချက်များကို လိုက်နာခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့အဖွဲ့အစည်း
ဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန်၊ လူပုဂ္ဂိုလ်ဖြစ်လျှင် သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့်
အရေးယူရန်၊
(ဃ) အထက်ပါဆုံးဖြတ်ချက်(ဂ)အတိုင်း ပြည်ထဲရေးဝန်ကြီးဌာနက အမြန်ဆုံးအရေးယူဆောင်ရွက်ရန်၊
စသည့်ဆုံးဖြတ်ချက်များကိုချမှတ်ခဲ့
ကြောင်းသိရသည်။
D.မင်း

0 comments:

Post a Comment